လည်ပတ်ဖို့အကောင်းဆုံး ကမ္ဘာ့အမွေအနှစ်ဒေသများစာရင်းရဲ့နံပါတ် (၃) နေရာမှာရပ်တည်ခဲ့တဲ့ ပုဂံဒေသ

myanmar-bagan-world-heritage.jpg

ကမ္ဘာ့နေရာဒေသအသီးသီးမှာရှိနေတဲ့ တောနက်ကြီးတွေ၊ ကန္တာရတွေနဲ့ လယ်ကွင်းယာခင်းတွေရဲ့အောက်မှာတော့ အံအားသင့်စရာ ရှေးဟောင်းအဆောက်အဦတွေဟာ အမေ့လျော့ခံဘဝနဲ့ နှစ်ပေါင်းရာထောင်ချီကြာ တည်ရှိနေကြပါတယ်။

ဒီလို တိမ်မြုပ်ပျောက်ကွယ်နေတဲ့ရှေးဟောင်းဒေသတွေက သူတို့နဲ့ပတ်သက်တဲ့ ကောလာဟလသတင်းတွေနဲ့ သွားရင်းလာရင်း မထင်မှတ်ဘဲရှာဖွေတွေ့ရှိခဲ့မှုတွေကြောင့် ဒီနေ့ခေတ်ကမ္ဘာသူကမ္ဘာသားတွေရဲ့ မြင်ကွင်းထဲကို လက်ရှိအချိန်မှာ ပြန်ပေါ်ထွက်လာကြပါပြီ။

တချို့ရှေးဟောင်းနေရာဒေသတွေဟာဆိုရင် နှစ်ရာထောင်ချီသက်တမ်းရှိနေတဲ့အပြင် ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ ရှေးခေတ်အနုပညာလက်ရာတွေ ရှိနေတာကြောင့် ကမ္ဘာလှည့်ခရီးသည်ပေါင်းများစွာရဲ့ စိတ်အာရုံကို ဖမ်းစားထားနိုင်နေပါတယ်။

ကမ္ဘာ့နေရာအနှံ့အပြားက တိမ်မြုပ်နေဆဲအဖိုးတန်ရှေးဟောင်းအမွေအနှစ်လက်ရာတွေ၊ နေရာဒေသတွေကိုလည်း ထပ်မံပြီး ရှာဖွေဖော်ထုတ်နေကြဆဲပါ။ သက်ဆိုင်ရာနိုင်ငံတိုင်းက ထုတ်ဖော်ပြီးတဲ့အဖိုးတန်ရှေးအမွေအနှစ်တွေကို မြတ်နိုးတန်ဖိုးထားစိတ်၊ တာဝန်သိစိတ်အပြည့်နဲ့ ဆက်လက် တည်တံနိုင်အောင် ထိန်းသိမ်းနေကြပါတယ်။

မကြာသေးခင်က ခရီးသွားတွေသွားရောက်လည်ပတ်ဖို့အကောင်းဆုံး ကမ္ဘာ့အမွေအနှစ်ဒေသ (၁၅) ခုစာရင်းကို Planetware.com ထုတ်ပြန်ထားခဲ့ပါတယ်။ အဲဒီစာရင်းထဲမှာတော့ လောလောလတ်လတ် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ထားတဲ့ မြန်မာနိုင်ငံရဲ့ ပုဂံဒေသဟာ နံပါတ် (၃) နေရာမှာရှိနေပါတယ်။ ဒါဟာ မြန်မာနိုင်ငံသူ/သားတွေအဖို့ ဂုဏ်ယူစရာပါပဲ။ စာရင်းထဲက တခြားကမ္ဘာ့အမွေအနှစ်နေရာ (၁၄) ခု ကိုလည်း ဗဟုသုတအဖြစ် မျှဝေပေးလိုက်ပါတယ်။

(၁) ပီရူးနိုင်ငံက မာချူးပီချူး (Machu Picchu)

(၂) အီဂျစ်နိုင်ငံက ပိရမစ်များ (Pyramids)

(၃) မြန်မာနိုင်ငံက ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ (Bagan)

(၄) ကမ္ဘောဒီးယားနိုင်ငံက အန်ကောဝပ် ခမာဘုရားကျောင်း (Angkor Wat)

(၅) တရုတ်ပြည်က မဟာတံတိုင်းကြီး (Great Hall)

(၆) အီတလီနိုင်ငံက ကိုလော့စီယမ် အဆောက်အဦ (Roman Colosseum)

(၇) ဂရိနိုင်ငံက အက်ခရိုပိုလစ်အေသင်မြို့ဟောင်း (Acropolis)

(၈) အင်္ဂလန်နိုင်ငံက စတုန်းဟင်းချ် ကျောက်တိုင်များ (Stonehenge)

(၉) အင်ဒိုနီးရှားနိုင်ငံက ဗောရောဗုဓော ဗုဒ္ဓဆင်းတုတော်ကြီး (Borobudur)

(၁၀) အမေရိကန်ပြည်ထောင်စုက မက်ဆာဗာဒီ (Mesa Verde)

(၁၁) တရုတ်ပြည်က မြေသားရုပ်စစ်တပ်ကြီး (Terracotta Army)

(၁၂) ဂျော်ဒန်နိုင်ငံက ပီထွာရှေးမြို့ဟောင်း (Petra)

(၁၃) ဂွါတီမာလာနိုင်ငံက တီကယ်လ် မာယာမြို့ဟောင်း (Mayan Ruins of Tikal)

(၁၄) ပြင်သစ်နိုင်ငံက လက်စ်ကော့ဇ်လိုဏ်ဂူများ (Lascaux and Lascaux II)

(၁၅) မက္ကဆီကိုနိုင်ငံက ချီချန် အစ်ဇာမာယာမြို့ဟောင်း (Chichen Itza)

Ref: Planetware “15 Top World Heritage Sites”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top