နှစ် ၁၀၀ ကျော် သံကြိုးခတ်ပြီး ဖမ်းဆီးခံထားရတဲ့ သစ်ပင်ကြီး

9.1.24-yyl-1.jpg

ပါကစ္စတန်နိုင်ငံ ပက်ရှာဝါမြို့မှာ သံကြိုးခတ် ဖမ်းဆီးခံထားရတဲ့ သစ်ပင်ကြီးတစ်ပင် ရှိတယ်။ ၁၈၉၉ ခုနှစ်ကတည်းက သံကြိုးခတ်ခံထားရတာပါ။ ပါကစ္စတန်နိုင်ငံကို ဗြိတိသျှတွေ ကိုလိုနီလုပ်ပြီး သိမ်းပိုက်ထားတဲ့ကာလ ညနေခင်းတစ်ခုမှာ အရက်မူးနေတဲ့ ဗြိတိသျှအရာရှိ ဂျိမ်းစကွစ်က အဲဒီသစ်ပင်ကြီးနား ရောက်လာခဲ့ပါတယ်။

သူ့စိတ်ထဲမှာ သစ်ပင်ကြီးက နေရာရွှေ့နေတယ်လို့ ထင်လာတာကြောင့် သစ်ပင်ကို သံကြိုးခတ်ပြီး ဖမ်းဆီးဖို့ အမိန့်ထုတ်ခဲ့တာပါ။ ဒီအကြောင်း ရေးထားတဲ့ကမ္ဗည်းတချပ်လည်း သစ်ပင်မှာ ချိတ်ထားပါတယ်။

ဒေသခံတွေကတော့ အဲဒီသစ်ပင်ကြီးဟာ ပါကစ္စတန်လူထုအပေါ် ဗြိတိသျှတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဖော်ပြနေတဲ့ ပြယုဂ်တစ်ခုလို့ ရှုမြင်သဘောထားကြပါတယ်။ ငိုအားထက် ရယ်အားသန် အတိတ်ရှိခဲ့တဲ့ အဲဒီသစ်ပင်ကြီးဟာ ခရီးသွားဧည့်သည်တွေကို အဓိက ဆွဲဆောင်နေတဲ့နေရာတစ်ခုအဖြစ် ယနေ့တိုင် ရှိနေပါတယ်။

Ref: Pakistan’s Famous Chained Tree Has Been Under Arrest for Over a Century

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top