၂၆ စက္ကန့်တကြိမ် တုန်ခါနေတဲ့ ကမ္ဘာကြီးရဲ့ နှလုံးခုန်သံ

earth.jpg

ကမ္ဘာဟာ ၂၆ စက္ကန့်ကို တစ်ကြိမ်နှုန်းနဲ့ တုန်ခါနေတာကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ငလျင်ပညာရှင်တွေက အတည်ပြုထားကြပါတယ်။ တုန်ခါမှုပမာဏက အလွန်နည်းပါးတာကြောင့် သာမန်လူတွေတော့ ဒါကို သတိထားမိခြင်း မရှိပါဘူး။

ကမ္ဘာ့မြေလွှာထုတွေ ရွေ့လျားနေတဲ့ အထောက်အထားကို အစောဆုံးတွေ့ရှိခဲ့တဲ့ သုတေသီ ဂျက်အိုလီဗာက ၁၉၆၀ ပြည့်နှစ်မှာ ကမ္ဘာ့ကြီးရဲ့ နှလုံးခုန်သံလို့ အမည်ပေးထားတဲ့ တုန်ခါမှုအကြောင်း စတင်တွေ့ရှိခဲ့တာပါ။

အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်း သို့မဟုတ် တောင်ပိုင်းကနေ အဲဒီတုန်ခါမှု ထွက်ပေါ်လာတာလို့ ဂျက်အိုလီဗာက အဖြေထုတ်နိုင်ခဲ့ပြီး ကမ္ဘာ့မြောက်ဝင်ရိုးစွန်းရဲ့ နွေရာသီ ကာလတွေ (သို့မဟုတ်) ကမ္ဘာ့တောင်ဝင်ရိုးစွန်းရဲ့  ဆောင်းရာသီကာလတွေမှာ တုန်ခါမှုပိုအားကောင်းလေ့ရှိတာကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘာကြောင့် အဲဒီလို တုန်ခါနေရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ အဖြေမရှာနိုင်ကြသေးပါဘူး။

Ref: The Earth Is Pulsating Every 26 Seconds, and Seismologists Don’t Agree Why


NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top