ယူကရိန်းစေတနာ့ဝန်ထမ်းတွေက စွန့်ပစ်တိရစ္ဆာန်ဉယျာဉ်ကနေ တိရစ္ဆာန်တွေကို ကြိုးစားကယ်ထုတ်ခဲ့ကြ

30-2-2022-yyl23.jpg

ယူကရိန်းစေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ဟာ ကီးယက်မြို့အနီးနားက ပုဂ္ဂလိကတိရစ္ဆာန်ဉယျာဉ်တစ်ခုက တိရစ္ဆာန်တွေကို ကယ်ထုတ်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ အဲဒီတိရစ္ဆာန်ဉယျာဉ်က ရုရုားတပ်တွေ ဗုံးကြဲတိုက်ခိုက်ပြီး အဲဒီနေရာကို သိမ်းပြီးနောက် စွန့်ပစ်ခံထားရတာပါ၊။

ကီးယက်မြို့အပြင်ဘက် မိုင် ၃၀ ခန့်အဝေးမှာရှိတဲ့ အဲဒီတိရစ္ဆာန်ဉယျာဉ်Yasnohorodka Family Ecopark ကို ဖြတ်ပြီး ယူကရိန်းစစ်သားတွေဆီ ရိက္ခာတွေ လာပေးခဲ့ဖူးတယ်လို့ စေတနာ့ဝန်ထမ်း ဗီတလီ မူကာနို့ဗ် (Vitaly Mukhanov) က ပြောပါတယ်။ တိရစ္ဆာန်ဉယျာဉ်က ပစ်ခတ်မှုတွေကြောင့် ပျက်စီးသွားပုံရတယ်လို့ ဗီတလီက ဆိုပါတယ်။

ကုလားအုတ်နဲ့ ငှက်ကုလားအုတ်တွေ အပါအဝင် တိရစ္ဆာန်တွေက အစားအစာမရှိဘဲ အဲဒီမှာ ကျန်နေခဲ့ရပါတယ်။ တချို့က ထိခိုက်ဒဏ်ရာရပြီး တချို့က သေဆုံးခဲ့တယ်လို့ ဗီတလီရဲ့ပြောစကားအရ သိရပါတယ်။အဲဒီနေရာကို ဗီတလီရိုက်ကူးခဲ့တဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ရာကနေ မြန်မြန်ဆန်ဆန်ပဲ လူမှုကွန်ယက်မာ ပျံ့နှံ့သွားခဲ့ပါတယ်။ တိရစ္ဆာန်ဉယျာဉ်ပိုင်ရှင်က သူ့ရဲ့အကူအညီကို ယူချင်တဲ့အတွက် သူ့ကို ဆက်သွယ်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဗီဒီယိုထဲက တစ်ခုမှာ ဒဏ်ရာရနေတဲ့ ငှက်ကုလားအုတ်တစ်ကောင်ကို တွေ့ရပါတယ်။ အသက်ငွေ့ငွေ့လေးပဲ ကျန်နေပုံရတဲ့ ငှက်လေးကိုလည်း ဗီတလီက ညင်ညင်သာသာလေး ခေါင်းကို ပွတ်သပ်ပေးနေတာကိုလည်း မြင်တွေ့ရပါတယ်။ “တိရစ္ဆာန်လေးတွေ တော်တော်ဆိုးရွားနေတဲ့ အခြေအနေမှာ ရှိနေတယ်ဆိုတာ ပုံတွေမှာ မြင်တွေ့ရမှာပါ” လို့ ဗီတလီက ပြောပါတယ်။

အနီးနားက မြို့လေးဟာ လွန်ခဲ့တဲ့ ၂ ရက်က ရုရုားတွေလက်ကနေ လွတ်ခဲ့တာကြောင့် ပိုင်ရှင်က တိရစ္ဆာန်ဉယျာဉ်ကို ပြန်လာပြီး နောက်နှစ်ရက်အတွင်း တိရစ္ဆာန်တွေကို ကယ်ထုတ်ဖို့ မျှော်လင့်နေတာလို့ ဗီတလီက ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့မနက်မှာတော့ Yasnohorodka family ecopark ဖေ့စ်ဘွတ်ခ်ပေ့ချ်က တိရစ္ဆာန်တွေကို ကယ်ထုတ်ခဲ့ပြီး ဘေးလွတ်ရာသို့‌ ရွှေ့ပြောင်းထားတယ်လို့ ပို့စ်တင်ခဲ့ပါတယ်။

ရုရုားတပ်တွေက အဲဒီနေရာကို ဗုံးကြဲတိုက်ခိုက်ပြီး သိမ်းပိုက်ထားတာကြောင့် တိရစ္ဆာန်ဉယျာဉ်ပိုင်ရှင်နဲ့ ဝန်ထမ်းတွေက သူ့ရဲ့အသက်အန္တရာယ်အတွက် ကြောက်ရွံ့ပြီး တိရစ္ဆာန်တွေကို ချန်ထားရစ်က အမြန်ဆုံးထွက်ပြေးခဲ့ရတယ်လို့ ဗီတလီက ရှင်းပြခဲ့ပါတယ်။ “အခုတော့ ဒီနေရာမှာ ရုရှားတပ်တွေ ရှင်းသွားပြီး ယူကရိန်းတပ်တွေ ရှိနေတာကြောင့် ကျွန်တော်တို့ ပိုင်ရှင်ရဲ့ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးခဲ့လို့ သူက တိရစ္ဆာန်လေးတွေကို ကယ်ထုတ်နိုင်ခဲ့ပါတယ်”လို့ ဗီတလီက ပြောပါတယ်။

လက်ရှိမှာတော့ တိရစ္ဆာန်တွေကို အစာကျွေးပြီး ကယ်တင်ပေးနေတဲ့ တိရစ္ဆာန်ဉယျာဉ်ဝန်ထမ်းတချို့နဲ့ စေတနာ့ဝန်ထမ်းတချို့ရှိနေပါတယ်။ ပိုင်ရှင်ကတော့ အဲဒီနေရာကို နောက်တစ်နေ့ ပြန်ရောက်လာဖို့မျှော်လင့်ရတယ်လို့ ဗီတလီက ဆိုပါတယ်။

Ref: ABCNews “Ukrainians try to rescue exotic animals from abandoned zoo”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top