ဘီလ် ဂိတ်ရဲ့ဖောင်ဒေးရှင်းနဲ့ အခြားဖောင်ဒေးရှင်းတွေက ကိုရိုနာဗိုင်းရပ်စ်ကုသဆေးမြန်မြန်ထုတ်ဖော်နိုင်ဖို့ ဒေါ်လာ (၁၂၅) သန်း လှူဒါန်းမယ်

11-3-2020-yyl-003-1.jpg

The Bill & Melinda Gates Foundation နဲ့ အခြားပရဟိတအဖွဲ့အစည်းကြီးနှစ်ခုက ကမ္ဘာတစ်ဝှမ်းမှာ ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်အတွက် ကုသဆေးမြန်မြန်ရရှိဖို့ ဒေါ်လာ (၁၂၅) သန်းကျော် လှူဒါန်းမယ်လို့ အင်္ဂါနေ့က ကတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလှူဒါန်းမှုက ကိုရိုနာဗိုင်းရပ်စ်သသစ် ကူးစက်ခံရတဲ့လူတွေနဲ့ အနာဂတ်မှာ ဖြစ်လာနိုင်ချေရှိတဲ့ အခြားဗိုင်းရပ်စ်တွေကို ကုသဖို့အတွက် အသုံးပြုလို့ရတဲ့ ကုသဆေးအသစ် ဖော်ထုတ်ဖို့ရာ အဓိကထားတာဖြစ်ပါတယ်။ ဗိုင်းရပ်စ်သစ်ကုသနည်းကို ဆင်းရဲတဲ့နိုင်ငံတွေမှာလည်း ရရှိဖို့လည်း ရည်ရွယ်ထားပါတယ်။ လက်ရှိမှာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ COVID -19 ကိုကုသဖို့အတွက် ဘယ်လိုဆေးမျိုးမှ၊ အခြားကိုယ်ခံအားစနစ် ကုသနည်းတွေကို ထောက်ခံမပေးထားပါဘူး။

The Gates Foundation နဲ့ the Wellcome Trust Medical Charity က ဒေါ်လာ သန်း (၅၀) စီ ထည့်ဝင်ခဲ့ပြီး the Mastercard Impact Fund က ပထမဦးဆုံး ပရောဂျက်တွေအတွက် ဒေါ်လာ (၂၅) သန်း လှူဒါန်းမယ်လို့ အခိုင်အမာပြောထားပါတယ်။ The Gates Foundation ရဲ့ရန်ပုံငွေက ပြီးခဲ့တဲ့လကမှ ပြောကြားခဲ့တဲ့ COVID-19 အတွက် ကတိပေးထားတဲ့ ဒေါ်လာ သန်း (၁၀၀) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

“COVID-19 လို ဗိုင်းရပ်စ်တွေက မြန်မြန်ဆန်ဆန်ပျံ့နှံ့တတ်ပါတယ်။ ဒါပေမဲ့ ပျံ့နှံ့မှုကို ရပ်တန့်ဖို့ ကုသဆေးနဲ့ ကုသနည်းတွေ ဖော်ထုတ်ဖို့ လိုပါတယ်။ COVID-19 အန္တရာယ်ကနေ ကမ္ဘာကြီးလုံခြုံချင်ရင် ကုသဆေး မြန်မြန်ဆန်ဆန်ရရှိဖို့အတွက် နည်းလမ်းရှာဖို့လိုပါတယ်။ အဲဒီလိုဖို့အတွက် ရန်ပုံငွေရှာဖို့ရာ အစိုးရတွေ၊ စီးပွားကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေ လိုအပ်ပါတယ်” လို့ the Bill & Melinda Gate Foundation ရဲ့စီအီးအို မက်ခ် ဇူမန်းက ပြောပါတယ်။

Ref: Gates, other charities pledge $125 million towards COVID-19 treatments

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top