ယောကျာ်းလေးတွေ အကြောက်ဆုံးအရာ (၃) ခု

man1.jpg

Frustrated man on corner

လူတိုင်းက ယောကျာ်းလေးဆိုတာနဲ့ပဲ သန်မာရမယ်။ အကာအကွယ်ပေးနိုင်ရမယ်။ စိတ်ဓာတ်မပျော့ညံ့ရဘူး။ အဲဒီလိုပဲတွက်ထားကြပါတယ်။ တကယ်တော့ သူတို့လည်းလူပဲ။ အကြောက်တရားတွေရှိတာပေါ့။ သန်မာတယ်လို့ အသတ်မှတ်ခံထားရတဲ့ ယောကျာ်းလေးတွေရဲ့အကြောက်တရားကမှ ပိုပြီးတော့နက်ရှိုင်းပါသေးတယ်။ ဘာတွေဖြစ်နေမလဲဆိုတာ ကြည့်လိုက်ကြရအောင်ပါ။

၁။ အငြင်းပယ်ခံရမှာ

လူ့အဖွဲ့အစည်းက ယောကျာ်းလေးတွေဆို အရမ်းအထင်ကြီးကြပါတယ်။ သူတို့လုပ်ရင် ဘာမဆိုဖြစ်နိုင်ရမယ်ဆိုပြီး အပိုင်တွက်ထားကြပါတယ်။ ဆိုတော့ တစ်ဖက်ကကြည့်ရင်ပဲ မဖြစ်မြောက်လာတဲ့ ယောကျာ်းလေးတွေကပဲ အသုံးမကျသလိုကြီးဖြစ်သွားတာပေါ့။ ဥပမာအားဖြင့် မိန်းကလေးတစ်ယောက်ကိုချစ်ခွင့်ပန်တဲ့အခါမျိုးမှာ အဲဒီမိန်းကလေးဘက်က “ရှင်က ကျွန်မပုံစံမဟုတ်ဘူး။ ဒါကြောင့် မချစ်နိုင်တာပါ” အဲဒီလိုမျိုးလေး အကျိုးသင့်အကြောင်းသင့် ပြန်ပြောတာမျိုးဆို တော်ပါသေးတယ်။ မဟုတ်ဘဲ ဆောရီးတစ်ခွန်းတည်းကျတော့ တစ်ဖက်လူအပေါ် အရမ်းအထင်သေးရာကျသွားပါတယ်။

ကိုယ်ခံစားချက်တွေနဲ့ ကိုယ့်အားနည်းချက်တွေကို တစ်စုံတစ်ယောက်ဆီမှာ လွယ်လွယ်လေးချပြလိုက်လို့ရတယ်လို့ သင်ထင်ပါသလား။ သူတို့လည်း အားမွေးရပါတယ်။ ယောကျာ်းလေးဖြစ်လို့၊ အငြင်းခံလိုက်ရလို့ ဘာမှမဖြစ်ဘူး မထင်ပါနဲ့။ ယောကျာ်းကောင်းတစ်ယောက်အတွက်တော့ မိန်းကလေးတစ်ယောက်ကို ချစ်ခွင့်ပန်တယ်ဆိုတာမှာ သူ့မာနကိုချိုးနှိမ်ပြီး ဖွင့်ဟရခြင်းပါပဲ။ ဒါကြောင့် အငြင်းခံရတဲ့အခါမျိုးမှာ ရှက်တယ်ဆိုတာထက် သူတို့လည်း အနည်းနဲ့အများတော့ စိတ်ဓာတ်ကျရပါတယ်။

၂။ စိတ်ထိခိုက်ရမှာ

အပေါ်မှာပြောခဲ့သလိုဘဲ ယောကျာ်းလေးတွေက မိန်းကလေးတွေထက် တာဝန်ယူရမှုပိုများပါတယ်။ အိမ်ထောင်တစ်ခုမှာ မိန်းမတစ်ယောက် ငွေရေးကြေးရေး မထောက်ပံ့နိုင်လို့ ဘယ်သူမှအပြစ်မပြောပါဘူး။ အကယ်၍ ယောကျာ်းလေးတစ်ယောက်သာဆိုရင်တော့ ပတ်ဝန်းကျင်က ဒီအမျိုးသားကို အရည်အချင်းမရှိတဲ့ အမျိုးသားဆိုပြီး ဝေဖန်ကြပါလိမ့်မယ်။

မိသားစုကိုလည်း လုံခြုံအောင်အကာအကွယ်ပေးရ၊ ငွေလည်းရှာရနဲ့ သူတို့တွေဘဝကလည်း ထင်သလောက်မလွယ်ကူပါဘူး။ ဒါကြောင့်နောက်တစ်ခါ နေရာချင်းသာလဲလိုက်ချင်တယ်လို့တွေးမိရင် ယောကျာ်းဘဝရောက်လို့ ကျရှူံးမှုတစ်ခုခုနဲ့ ကြုံရတဲ့အခါ အဝေဖန်ခံနိုင်ရဲ့လားလို့ ကြိုတွေးထားစေချင်ပါတယ်။

၃။ မပျော်တော့မှာ

အာရုံနောက်မခံနိုင်ကြတဲ့သူတွေမို့ စိတ်မပျော်ရွှင်တော့မှာကို အရမ်းကြောက်ကြပါတယ်။ ထပ်ပြောပါမယ်။ ဒီနေရာမျိုးမှာ သူတို့ဦးနှောက်က သိပ်အလုပ်မလုပ်နိုင်ဘူးလို့ပဲပြောပြော အာရုံနောက်တာကိုတော့ လုံးဝမခံနိုင်ကြပါဘူး။ အိမ်မှာအဆင်မပြေရင် သူငယ်ချင်းတွေဆီမှာ၊ အလုပ်မှာ ဒါမှမဟုတ်လည်း တခြားနေရာတွေဆီကနေ ပျော်ရွှင်မှုကို ရှာတတ်ကြပါတယ်။

ဒါကြောင့်မို့လို့ မိန်းကလေးတွေဘက်ကလည်း နားလည်ပေးဖို့ လိုပါမယ်။ မိန်းကလေးဖြစ်တာမို့ အမြဲတစေ ကိုယ့်ဘက်ကချည်း အခွင့်အရေးယူနေလို့ မရပါဘူး။ သူ့ဘက်ကမှားနေခဲ့မယ်ဆိုရင်တောင် “ရှင့်ကို သည်းမခံနိုင်တော့ဘူး” လို့ ပြောမယ့်အစား အကျိုးသင့်၊ အကြောင်းသင့်နဲ့ ယဉ်ယဉ်ကျေးကျေးလေးရှင်းပြပြီး ကိုယ်သိခဲ့တဲ့ ယောကျာ်းဟာ အခုလိုမြေခွေးတစ်ကောင်မဟုတ်ခဲ့ကြောင်း တစ်ခါလောက်တော့ အခွင့်အရေးပေး ရှင်းပြပြုပြင်ပေးကြည့်ပါ။

Ref: mindwaft.com “3 Kinds of Emotional Treatment That Men Fear the Most (According To A Man)”
Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top