အစာအိမ်ပြဿနာရှိတဲ့သူတွေ မစားသင့်တဲ့ အစားအစာများ

31-8-2020-yyl-025.jpg

အစာချေဖျက်ဖို့ ခက်ခဲတဲ့ အစားအစာတွေကို စားသုံးမယ်ဆိုရင် အစာအိမ်ရောင်ရမ်းတာ၊ အစာအိမ်ထဲမှာ လေများလာပြီး လေထိုးလေအောင့်ဖြစ်လာနိုင်ပါတယ်။ အချို့အစားအစာတွေက အခြားအစားအစာတွေထက် လေထိုးလေအောင့်တာအပါအဝင် အစာအိမ်ပြဿနာတွေ ပိုပြီးဖြစ်လာစေနိုင်ပါတယ်။ အစာအိမ်မအီမသာဖြစ်ရင် အရမ်းခံရခက်ပါတယ်။ အဲဒီလို အစာအိမ်ပြဿနာတွေဖြစ်လာပြီဆိုရင် သင်စားတဲ့ အစားအစာတွေကို တစ်ခါတလေ အပြစ်တင်ရမလိုဖြစ်နေပါပြီ။ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကလည်း သင်ရင်ဆိုင်နေရတဲ့ အစာအိမ်ပြဿနာတွေရဲ့နောက်ကွက်က အကြောင်းအရင်းဖြစ်နိုင်ပါတယ်။ ဟုတ်ပါတယ်..တချို့ဟင်းသီးဟင်းရွက်အသီးအနှံတွေက အစာချေဖျက်ဖို့ ခက်ခဲတဲ့အတွက် အစာအိမ်လေအောင့်ရောင်ရမ်းတာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အစာအိမ်ပြဿနာရှိတဲ့သူတွေက ဘယ်လိုအစားအစာတွေ မစားသင့်လဲဆိုတာ တစ်ချက်ကြည့်လိုက်ရအောင်..။

ပိန္နဲသီး

ပိန္နဲသီးက အနံ့ဆူးပြီး အရသာကောင်းတဲ့ အသီးပါပဲ။ လူသားတို့ရဲ့ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များစွာပါဝင်ပါတယ်။ အသီးသာမက အစေ့နဲ့ အမြစ်ကလည်း ဆေးဖက်ဝင်ပါတယ်။ လူတွေကို အကျိုးပြုစေတဲ့ ဗီတာမင်စီများစွာပါဝင်တဲ့အတွက် အအေးမိနှာစေး၊ ချောင်းဆိုးခြင်းကို ဖြစ်စေတဲ့ ပြင်ပဘတ်တီးရီးယား ပိုးမွှားအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပေမယ့် အစာအိမ်ပြဿနာရှိတဲ့ သူတွေအတွက် ကောင်းတဲ့ရွေးချယ်မှုတော့ မဖြစ်နိုင်ပါဘူး။ ပိန္နဲသီးက ခန္ဓာကိုယ်အတွင်းမှာ ဂတ်စ်ထုတ်လုပ်နိုင်စွမ်း တိုးလာစေပြီး အစာအိမ်နာတာ၊ လေအောင့်တာတွေဖြစ်လာနိုင်ပါတယ်။

ပိန်းဥ

ပိန်းဥကလည်း လူတော်တော်များများ ကြိုက်နှစ်သက်ကြတဲ့အရာပါပဲ။ ပိန်းဥကို ကြော်စားတာ၊ ပြုတ်စားတာ၊ ချက်စားတာ၊ အမျိုးမျိုးလုပ်စားကြပါတယ်။ ပိန်းဥက အရသာရှိပြီး စားမိရင် ထပ်ခါထပ်ခါ စားချင်ကြပါတယ်။ ဒါပေမဲ့ အစာအိမ်ပြဿနာရှိတဲ့လူတွေက ပိန်းဥကို မစားသင့်ပါဘူး။ အရမ်းကြိုက်တယ်ဆိုရင် အစာအိမ်နာတာ၊ လေအောင့်တာမဖြစ်ဖို့ စမုံစပါးအနည်းငယ်ထည့်ပြီး ချက်စားသင့်ပါတယ်။

မုန်လာဥဖြူ

မုန်လာဥဖြူကလည်း ချိုတဲ့အရသာရှိတဲ့အတွက် စားလို့ကောင်းပါတယ်။ မုန်လာဥဖြူက ဆောင်းရာသီ အစားအစာဖြစ်ပေမယ့် တစ်နှစ်ပတ်လုံး နိုင်ငံတော်တော်များများမှာ ရနေပါပြီ။ မုန်လာဥဖြူကို ချက်စားရတာ၊ ကြော်စားရတာ၊ ပြုတ်ပြီးတို့စားရတာကြိုက်တယ်ဆိုရင် ပမာဏကန့်သတ်ပြီး စားသင့်ပါတယ်။ မုန်လာဥဖြူကလည်း လေထိုးလေအောင့်၊ အစာအိမ်နာတာတွေ ဖြစ်စေနိုင်ပါတယ်။

ကုလားပဲ

ကုလားပဲကိုလည်း အာရှနိုင်ငံတွေမှာ တော်တော်စားကြပါတယ်။ ကုလားပဲကလည်း အစာအိမ်မှာ ဂတ်စ်များလာစေပြီး လေထိုးလေအောင့်ဖြစ်စေနိုင်ပါတယ်။ ဝမ်းချုပ်တတ်တဲ့လူတွေကလည်း ကုလားပဲကိုမစားသင့်ပါတယ်။ စားမယ်ဆိုရင်လည်း ပမာဏကန့်သတ်ပြီး စားပေးသင့်ပါတယ်။

ပဲနီစေ့

ပဲအမျိုးမျိုးစားပေးတာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောကြတာကြားဖူးကြမှာပါ။ အာရှနိုင်ငံတွေမှာ ပဲကို အမျိုးမျိုးလုပ်စားဖြစ်ကြပါတယ်။ တချို့ဆို ပဲနေ့တိုင်းပါမှ ထမင်းစားတတ်တာမျိုးတွေရှိပါတယ်။ ကုလားပဲလိုပဲ ပဲနီစေ့ကလည်း အစာအိမ်ပြဿနာရှိတဲ့သူတွေ စားဖို့ မသင့်တော်ပါဘူး။ လေအောင့်တာ၊ အစာအိမ်နာတာတွေ ဖြစ်လာနိုင်တဲ့အတွက် ပဲနီစားတာကို ရှောင်သင့်ပါတယ်။

Ref: Do not eat these 5 vegetables if you are suffering from gastric issues

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top