အေမာခန်းနဲ့ တာရင့်ကရောဖို့ဒ်တို့ ပွဲကြိုကိုယ်ဟန်ပြအခမ်းအနားကျင်းပ

57484688_2281341905242382_3306035575559028736_n.jpg

လာမယ့်စနေနေ့ညကျရင် နယူးယော့ခ်မြို့မှာ ထိုးသတ်ကြမယ့် အေမာခန်းနဲ့ တာရင့်ကရောဖို့ဒ်တို့ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့က နယူးယော့ခ်မြို့ရဲ့ Everybody Fights Gym ခန်းမမှာ ကိုယ်ဟန်ပြခဲ့ကြပါတယ်။ အမေရိကန်လက်ဝှေ့သမား တာရင့်ကရောဖို့ဒ်ဟာ ရှုံးပွဲမရှိတဲ့ ကမ္ဘာ့ဝယ်တာဝိတ်ချန်ပီယံဖြစ်ပြီး အေမာခန်းကို အနိုင်ရမယ်လို့ ရေပန်းစားနေပါတယ်။

အသက် (၃၂) နှစ်အရွယ်ရှိတဲ့ အေမာခန်းဟာ အရင်ထိုးသတ်ခဲ့တဲ့ ပွဲစဉ် (၃၇) ပွဲမှာ (၃၃) ပွဲအနိုင်ရခဲ့သူပါ။ တာရင့်ကရောဖို့ဒ်ကတော့ (၃၅) ပွဲထိုး၊ (၃၅) ပွဲနိုင်ရလဒ် ပိုင်ဆိုင်ထားပြီး ကိုယ်ဟန်ပြချိန်မှာလည်း အကောင်းဆုံးအနေအထား ပိုင်ဆိုင်ထားသလိုပါပဲ။ အေမာခန်းကတော့ လက်ဝှေ့ကြိုးဝိုင်းနဲ့ (၂) နှစ်ကြာ ကင်းကာနေခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ ကြိုးဝိုင်းထဲ ပြန်ဝင်လာခဲ့ပြီး ဖီလိုဂရီကိုကို စက္ကန့် (၃၀) တည်းနဲ့ အနိုင်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ဆမ်မြူရယ်ဗားဂတ်စ်ကို အမှတ်နဲ့ အနိုင်ရခဲ့ပါတယ်။ အေမာခန်းအတွက်တော့ အခုပွဲစဉ်က ကစားသမားဘဝကို အဆုံးအဖြတ်ပေးမယ့်ပွဲစဉ်လို့ သတ်မှတ်ထားကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top