စိတ်မကျေပွဲ ထိုးချင်ရင် ကစားသမား ၃ ယောက်ကို နိုင်အောင်ထိုးဖို့ မက်ဂရီဂေါ်ကို နာမာဂိုမီဒေါ့ဗ် ပြော

img5-3.jpg

သူနဲ့ စိတ်မကျေပွဲ ပြန်မထိုးခင် အိုင်ယာလန် သိုင်းပေါင်းစုံကစားသမား မက်ဂရီဂေါ် ရင်ဆိုင်သင့်တဲ့ ကစားသမား(၃)ယောက်ကို နာမာဂိုမီဒေါ့ဗ်က ရွေးချယ်ပေးခဲ့ပါတယ်။ ရုရှားသိုင်းပေါင်းစုံ ကစားသမား နာမာဂိုမီဒေါ့ဗ်ဟာ လာမယ့်စနေနေ့ကျရင် ယှဉ်ပြိုင်မယ့် UFC 242 ပြိုင်ပွဲမှာ စိန်ခေါ်သူ ဒက်စတက်ပွိုင်ရီယာနဲ့ ထိုးသတ်ပြီး လိုက်ဝိတ်ချန်ပီယံခါးပတ်ကို ကာကွယ်ရမှာပါ။ ဒါပေမဲ့ အဲဒီပွဲမှာ အနိုင်ရသူနဲ့ ယှဉ်ပြိုင်ဖို့ မက်ဂရီဂေါ်အတွက် အခွင့်အရေးမရှိဘူးလို့ သူက ဆိုပါတယ်။

”မက်ဂရီဂေါ်နဲ့ စိတ်မကျေပွဲဖြစ်မယ်လို့ ကျွန်တော် မထင်ဘူး။ သူ တစ်ကျော့ပြန်ထိုးသတ်ဖို့ လိုတယ်။ ၉ ပွဲ ဒါမှမဟုတ် ၁၀ ပွဲလောက် နိုင်အောင်ထိုးဖို့လိုတယ်။ အဲဒါဆိုရင်တော့ ကျွန်တော်တို့ ၂ ယောက်ရဲ့ပွဲ ဖြစ်လာမှာပါ။ မက်ဂရီဂေါ်နဲ့ထိုးရင် ဒေါ်လာတစ်သန်းပေးမယ်လို့ UFC က ကမ်းလှမ်းလာရင် ကျွန်တော်ထိုးမှာပဲလို့ အခုအင်တာဗျူးကို ကြည့်နေတဲ့သူတွေ ထင်ကောင်းထင်ကြပါလိမ့်မယ်။ မက်ဂရီဂေါ်အနေနဲ့ ဒီလောကထဲ ပြန်ဝင်လာပြီး သူ့ကိုယ်သူ သက်သေပြဖို့ လိုပါတယ်။ ဂါအက်ဂျီ၊ အီယာကွင်တာ၊ တိုနီဖာဂူဆန်တို့နဲ့ ထိုးကြည့်ပါဦး။ အဲဒီလိုထိုးပြီး အစွမ်းအစပြပါဦး။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက သူ နောက်ဆုံးနိုင်ခဲ့တာပါ။ သူက ချန်ပီယံခါးပတ်လုချင်တာလား။ ဒါဆိုရင်တော့ ပွဲဖြစ်မှာမဟုတ်ပါဘူး”လို့ နာမာဂိုမီဒေါ့ဗ်က ပြောပါတယ်။

မက်ဂရီဂေါ်ဟာ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကျင်းပခဲ့တဲ့ UFC 205 ပြိုင်ပွဲမှာ အက်ဒီအဲဗာရက်ဇ်ကို အနိုင်ယူပြီး လိုက်ဝိတ်ချန်ပီယံခါးပတ် ဆွတ်ခူးနိုင်ခဲ့တာပါ။ သူဟာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ ပွဲတိုင်းနိုင်လက်ဝှေ့သမား မေဝယ်သာကို ရှုံးနိမ့်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက သိုင်းပေါင်းစုံ သံဇကာဝိုင်းထဲမှာ နာမာဂိုမီဒေါ့ဗ်ကို ဒိုင်ပွဲရပ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top