နှစ် ၂၀ အတွင်း ဒီလောက်လစာလျှော့ယူတဲ့ ကစားသမား မတွေ့သေးပါဘူးဆိုတဲ့ ဆီဗီလာအားကစားဒါရိုက်တာ

img4-7.jpg

ဝက်စ်ဟမ်းကနေ ဆီဗီလာကို ပြောင်းရွှေ့လာခဲ့တဲ့ မက္ကဆီကိုတိုက်စစ်မှူး ဟာနန်ဒက်ဇ်က လစာ အဆမတန်လျှော့ယူခဲ့လို့ အံ့သြတကြီးဖြစ်ခဲ့ရတယ်လို့ ဆီဗီလာအားကစားဒါရိုက်တာ မွန်ချီက ပြောပါတယ်။ ဝက်စ်ဟမ်းအသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၁၄၅၀၀၀ ရရှိခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ ဆီဗီလာမှာ တစ်ပတ်လုပ်ခ ပေါင် ၉၀၀၀၀ ကျော် လျှော့ယူခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင် ၅၃၀၀၀ နဲ့ သဘောတူညီခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိတဲ့ ဟာနန်ဒက်ဇ်ဟာ ဥရောပအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဝက်စ်ဟမ်းကနေ ဆီဗီလာကို ၃ နှစ်စာချုပ်နဲ့ သဘောတူညီခဲ့တာပါ။ ”သူ့ကို ကျွန်တော် ခေါ်ချင်နေတာ တော်တော်ကြာပါပြီ။ ကျွန်တော် အားကစားဒါရိုက်တာလုပ်လာတဲ့ နှစ် ၂၀ သက်တမ်းမှာ ဆီဗီလာကိုပြောင်းဖို့ သူ့လောက် လစာလျှော့ယူတဲ့ ကစားသမားမျိုး မတွေ့ဖူးဘူး”လို့ မွန်ချီက ပြောပါတယ်။

မက္ကဆီကိုကလပ် ဂွာဒါလာဟာရာအသင်းမှာ ကစားသမားဘဝ စတင်ခဲ့တဲ့ ဟာနန်ဒက်ဇ်ဟာ ၂၀၁၀ ပြည့်နှစ်မှာ မန်ယူကို ပြောင်းရွှေ့ခဲ့ပြီး ၅ နှစ်တာကာလအတွင်း ၁၅၇ ပွဲ ကစားရာမှာ ၅၉ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ရီးရဲလ်ကို တစ်ရာသီကြာ အငှားသွားရောက်ကစားခဲ့ပြီး ၉ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ အဲဒီနောက် လေဗာကူဆင်၊ ဝက်စ်ဟမ်းအသင်းတွေမှာ ကစားခဲ့ပြီး ဆီဗီလာကို ပြောင်းရွှေ့လာခဲ့တာပါ။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top