မန်ယူအသင်း တန်းဆင်းရနိုင်တယ်လို့ ဆမ်အလာဒိုက်စ် သတိပေး

yyl-9-9-020.jpg

မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ရလဒ်ဆိုးတွေကို အချိန်တိုအတွင်း အလှည့်အပြောင်းမလုပ်နိုင်ရင် မန်ယူအသင်း တန်းဆင်းရနိုင်တယ်လို့ ဘော်တန်နည်းပြဟောင်း ဆမ်အလာဒိုက်စ်က သတိပေးခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အခြေအနေနဲ့ မန်ယူအသင်း တန်းဆင်းခဲ့ရဖူးတာကို ဆမ်အလာဒိုက်စ်က ထောက်ပြခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့ မန်ယူအသင်းဟာ နှစ် ၃၀ အတွင်း အဆိုးရွားဆုံး ရာသီစတင်မှု ကြုံတွေ့နေပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်(၈)ပွဲ ကစားရာမှာ (၉)မှတ်ပဲ ရသေးလို့ အဆင့်(၁၂)နေရာမှာ ရပ်တည်နေပါတယ်။ မန်ယူဟာ အဆင့်(၁၈)နေရာက အဲဗာတန်အသင်းနဲ့(၂)မှတ်ပဲ ကွာဟပါတယ်။

”ယုံကြည်မှုပျောက်ဆုံးပြီး ဒဏ်ရာပြဿနာတွေ ဆက်ကြုံနေမယ်ဆိုရင် သူတို့အသင်း ဒုက္ခတွင်းနက်ထဲ သက်ဆင်းရနိုင်ပါတယ်။ ဒါက ဖြစ်နိုင်ခြေမရှိတဲ့ကိစ္စမဟုတ်ပါဘူး။ မန်ယူအသင်း ရလဒ်ကောင်းနေချိန်မှာ ကစားသမားတွေက တတ်နိုင်သလောက် အချိန်တိုအတွင်း ကြံ့ခိုင်လာအောင် မလုပ်ခဲ့ကြပါဘူး။ ပေါ့ဘာ အသင်းပြောင်းချင်တဲ့ကိစ္စကလည်းနှောင့်ယှက်နေပါတယ်။ နောက်ထပ် ဘယ်ကစားသမားကများ ”မန်ယူအသင်း လမ်းကြောင်းမှားနေပြီ။ ကျွန်တော်လည်း အသင်းကထွက်ချင်တယ်”လို့ ထပ်ပြောဦးမလဲ။ မန်ယူအသင်းက ဂိုးသိပ်မသွင်းနိုင်ဘူး။ ဂိုးရဖို့ ရုန်းကန်နေရတယ်။ အမှတ်ပေးဇယားအောက်ခြေမှာ ရုန်းကန်ရတဲ့ အခြေအနေမဖြစ်စေဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူတို့က အမှတ်ပေးဇယားအောက်ခြေကို ဦးတည်နေတာ သေချာတယ်”လို့ ဆမ်အလာဒိုက်စ်က ပြောပါတယ်။ ဆမ်အလာဒိုက်စ်ဟာ ဘော်တန်၊ နယူးကာဆယ်၊ အင်္ဂလန်အသင်းတွေကို နည်းပြခဲ့ဖူးသူပါ။ မန်ယူဟာ ရာသီအဖွင့်ပွဲစဉ်မှာ ချဲလ်ဆီးကို (၄)ဂိုးပြတ် အနိုင်ရခဲ့ပြီးနောက်ပိုင်း နိုင်ပွဲတစ်ပွဲပဲရခဲ့ပြီး ပွဲစဉ်(၁၀)မှာ တစ်ဂိုးထက် ပိုသွင်းနိုင်တဲ့ပွဲ မရှိခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top