(၁၅) ကြိမ်မြောက် မေဂျာဆုဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ တိုက်ဂါးဝုဒ်

57267642_2281342058575700_508179233382596608_n.jpg

၂၀၁၉ ခုနှစ် မာစတာပြိုင်ပွဲ ဗိုလ်စွဲခဲ့တဲ့ တိုက်ဂါးဝုဒ်ဟာ ကစားသမားဘဝတစ်လျှောက်မှာ (၁၅) ကြိမ်မြောက် မေဂျာဆုဖလားဆွတ်ခူးနိုင်သူ ဖြစ်လာပါတယ်။ ၂၀၀၈ ခုနှစ်က ယူအက်စ်အိုးပင်းပြိုင်ပွဲ ဗိုလ်စွဲခဲ့ပြီးနောက်ပိုင်း အောင်မြင်မှုတွေနဲ့ ကင်းကွာခဲ့တဲ့ တိုက်ဂါးဝုဒ်ဟာ (၁၁) နှစ်အတွင်း ပထမဆုံး မေဂျာဖလားတစ်လုံး ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး မာစတာပြိုင်ပွဲမှာ (၅) ကြိမ်မြောက် အနိုင်ရခဲ့တာပါ။

တိုက်ဂါးဝုဒ်ဟာ နောက်ဆုံးအကျော့မှာ ထိပ်ဆုံးနေရာကဦးဆောင်နေတဲ့ အီတလီဂေါက်ရိုက်သမား မိုလီနာရီထက် (၂) ချက်ပိုရိုက်ခဲ့ပေမဲ့ မိုလီနာရီက ကျင်းအမှတ် (၁၂) နဲ့ ကျင်းအမှတ် (၁၅) မှာ ရိုက်ချက်တွေ ရေထဲကျခဲ့ပါတယ်။ တနင်္ဂနွေနေ့က (၂) ချက်လျှော့ရိုက်ခဲ့တဲ့ တိုက်ဂါးဝုဒ်ဟာ သီတင်းပတ်တစ်ပတ်အတွင်း (၁၅) ချက်အထိ
လျှော့ရိုက်နိုင်ခဲ့ပြီး ဇန်ဒါရှက်ဖီလီ၊ ဘရွတ်ကိုအက်ပကာ၊ ဒူစတင်ဂျွန်ဆင်တို့ထက် တစ်ချက်လျှော့ရိုက်ပြီး (၁၅) ကြိမ်မြောက် မေဂျာဆုဖလား ဆွတ်ခူးနိုင်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top