နာမာဂိုမီဒေါ့ဗ်နဲ့ စိတ်မကျေပွဲထိုးချင်တဲ့ မက်ဂရီဂေါ်ရဲ့ မျှော်လင့်ချက် နည်းပါးလာ

yyl-9-9-021.jpg

ရုရှားသိုင်းပေါင်းစုံ ကစားသမား နာမာဂိုမီဒေါ့ဗ်နဲ့ စိတ်မကျေပွဲ ပြန်လည်ထိုးသတ်ချင်တဲ့ အိုင်ယာလန် သိုင်းပေါင်းစုံကစားသမား မက်ဂရီဂေါ်ရဲ့ မျှော်လင့်ချက်ကတော့ တစ်စထက်တစ်စ နည်းပါးလာခဲ့ပါပြီ။ မက်ဂရီဂေါ်က နာမာဂိုမီဒေါ့ဗ်နဲ့ ပြန်လည်ထိုးသတ်ချင်ပေမဲ့ နာမာဂိုမီဒေါ့ဗ်ကတော့ အမေရိကန်သိုင်းပေါင်းစုံ ကစားသမား တိုနီဖာဂူဆန်နဲ့ ထိုးသတ်ဖို့ ပိုပြီးစိတ်အားထက်သန်နေပါတယ်။

”တိုက်ခိုက်ရေး အားကစားသမားတစ်ယောက်ရဲ့ ရှုထောင့်ကကြည့်ရင် မက်ဂရီဂေါ်နဲ့ယှဉ်ပြိုင်မှုက အတိတ်မှာကျန်ခဲ့ပါပြီ။ ကျွန်တော့်အတွက် သက်သေပြစရာ မရှိတော့ပါဘူး။ သူ့ဘက်ကပဲ သက်သေပြဖို့ ရှိတော့တာပါ။ ဒီမှာ စီးပွားရေးသမားတွေ တော်တော်များပါတယ်။ မက်ဂရီဂေါ်နဲ့ထိုးရင် ပိုက်ဆံအများကြီးရမယ့်အတွက် ကျွန်တော့်ကို မက်ဂရီဂေါ်နဲ့ ထိုးကြဖို့ သူတို့က ပြောပါလိမ့်မယ်။ အဓိကပြိုင်ဘက်တွေနဲ့ အရင်ဆုံးထိုးသတ်ပါမယ်။ ကျွန်တော့်ရဲ့စိုက်ပျိုးရေးစီမံကိန်းတွေ အကျိုးအမြတ်ရဖို့ သူနဲ့ထိုးလို့ရပါတယ်။ ဒါပေမဲ့ သူ့ထက်စာရင် တိုနီဖာဂူဆန်က အခွင့်အရေးရဖို့ ပိုထိုက်တန်ပါတယ်။ သူ့ကို အသိအမှတ်ပြုဖို့ လိုတယ်။ သူက ၁၂ ပွဲဆက်တိုက် အနိုင်ရခဲ့သူပါ။ မက်ဂရီဂေါ်နဲ့ယှဉ်ရင် တိုနီဖာဂူဆန်က ကျွန်တော်နဲ့ထိုးသတ်ခွင့်ရဖို့ ပိုပြီးထိုက်တန်သူပါ”လို့ နာမာဂိုမီဒေါ့ဗ်က ပြောပါတယ်။

UFC ရဲ့ အလွတ်တန်းကစားသမားစာရင်းမှာ အဆင့်သတ်မှတ်ချက် ကျဆင်းသွားတဲ့ မက်ဂရီဂေါ်အနေနဲ့ နာမာဂိုမီဒေါ့ဗ်ကို ထိုးဖို့ မဖြစ်နိုင်သေးဘဲ ဂျက်စတင်ဂါသီ၊ ဒက်စတင်ပိုရီတို့နဲ့ ထိုးရဖို့ ဖြစ်နိုင်ခြေပိုများနေပါတယ်။ ဒက်စတင်ပိုရီကတော့ မက်ဂရီဂေါ်နဲ့ ထိုးချင်တယ်လို့ ထုတ်ပြောထားပါတယ်။ မက်ဂရီဂေါ်ဟာ လွန်ခဲ့တဲ့(၅)နှစ်တုန်းက လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပခဲ့တဲ့ UFC 178 ပြိုင်ပွဲမှာ ဒက်စတင်ပိုရီနဲ့ ထိုးသတ်ခဲ့ဖူးပြီး (၂)မိနစ်မပြည့်မီအချိန်အတွင်း နိုင်ပွဲရယူနိုင်ခဲ့သူပါ။
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top