လူ့အသက်တစ်ချောင်းကိုကယ်နိုင်ဖို့ရာ သွေးလှူဒါန်းပါ

yyl-25-027.jpg

သင့်ကို သွေးလှူဒါန်းပေးဖို့အတွက် ဖုန်းကနေ (ဒါမှမဟုတ်) ဖေ့စ်ဘုတ်ခ်ပေါ်ကနေ လာတောင်းဆိုတဲ့သူတွေ ဘယ်လောက်များများရှိနေပြီလဲ။ သင် သွေးလှူဖို့အတွက် မဖြစ်နိုင်ဘူးဆိုရင် တခြားသူတွေကို တောင်းဆိုပေးဖို့စဉ်းစားနေပြီလား။ ဆရာဝန်ဆီကနေ ကုသမှုခံယူနေရပြီး သွေးလိုအပ်တဲ့အတွက် လဲလျောင်းနေရတဲ့သူက သင့်ချစ်တဲ့သူတစ်ယောက်သာဖြစ်မယ်လို့ စိတ်ကူးကြည့်ဖို့တောင်မဖြစ်နိုင်ပါဘူး။ ကိုယ့်ချစ်တဲ့သူတွေ တစ်ခုခုဖြစ်သွားမှာကို လူတိုင်း စိုးရိမ်ပူပန်ကြရပါတယ်။
သွေးယူနစ် (၁.၉) သန်းက တိုင်ကီခြောက်ဆယ်နဲ့ညီမျှပြီး နှလုံးခွဲစိတ်မှု ၃၂၀,၀၀၀ (သို့) ကိုယ်အင်္ဂါအစားထိုးမှု ၄၉,၀၀၀အတွက် အကူအညီပေးနိုင်တယ်လို့ အိန္ဒိယရဲ့ တရားဝင်ဒေတာတွေက ထုတ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာလည်း အရေးတကြီးသွေးလိုအပ်နေတဲ့ လူနာတွေရှိကြပါတယ်။ သွေးလိုအပ်နေတဲ့သူကို သွေးလှူဒါန်းလိုက်ခြင်းက လူအသက်တစ်ချောင်းကို ကယ်ရာရောက်ပါတယ်။ လူအများစုကတော့ သွေးလှူဒါန်းခြင်းက အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်ရုံသာမက ပုံမှန်သွေးလှူဒါန်းခြင်းက တစ်စုံတစ်ယောက်ရဲ့ ကိုလက်စထရော၊ နှလုံးရောဂါပြဿနာတွေ၊ ခန္ဓာကိုယ်အတွင်းမှ သံဓာတ်ပြည့်နှပ်ခြင်းတွေကိုလည်း ဖြတ်တောက်ပေးတယ်ဆိုတာကို မသိမြင်ကြပါဘူး။ သွေးလှူဒါန်းပေးခြင်းက သင့်ရဲ့သွေးတွေကို သန့်စင်သွားစေပါတယ်။
တစ်ခါတရံ တစ်ချိန်တည်းမှာပဲ သွေးအများကြီးစုဆောင်းထားကြပါတယ်။ လိုအပ်တဲ့အချိန်တွေမှာ လူသားတွေရဲ့အသက်ကို အချိန်မီကယ်နိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။

ကြက်ခြေနီရဲ့အဆိုအရ သွေးလှူဒါန်းချင်ရင် သွေးကို (၈) ပတ်ကနေ (၁၂) ပတ်ကြာ တစ်ကြိမ်လှူဒါန်းသင့်ပါတယ်။ အဆက်မပြတ်သွေးလှူဒါန်းမယ်ဆိုရင် သင့်ခန္ဓာကိုယ်အတွင်းမှာ သွေးတွေ ကုန်ခန်းသွားစေနိုင်ပါတယ်။ ဒါကြောင့် လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ရာ (၃) လ တစ်ခါ သွေးလှူဒါန်းတဲ့ယဉ်ကျေးမှုကို ဖန်တီးဖို့အရေးကြီးပါတယ်။

Ref: Donate blood, because you can save a life!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top