လက်ဝှေ့ပွဲကရတဲ့ဒဏ်ရာကြောင့် အာဂျင်တီးနားလက်ဝှေ့သမား သေဆုံး

67424614_2508490422515196_1933170895963029504_n.jpg

အာဂျင်တီးနားလက်ဝှေ့သမား ဆန်တီလန်ဟာ လက်ဝှေ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။ အသက် (၂၃) နှစ်ရှိတဲ့ ဆန်တီလန်ဟာ ပြီးခဲ့တဲ့သီတင်းပတ်က အဘရူနဲ့ ထိုးသတ်ခဲ့တဲ့ (၁၀) ချီပွဲစဉ်အပြီး ဆေးရုံရောက်ခဲ့ပါတယ်။ ဆန်တီလန်နဲ့ အဘရူတို့ရဲ့ပွဲစဉ်ကတော့ သရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ စူပါလိုက်ဝိတ်တန်း လက်ဝှေ့သမား ဆန်တီလန်ဟာ အခုတစ်ပတ်အတွင်း သေဆုံးတဲ့ ဒုတိယမြောက်လက်ဝှေ့သမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ် အင်္ဂါနေ့ကလည်း ရုရှားလက်ဝှေ့သမား ဒါဒါရှက်ဖ်ဟာ လက်ဝှေ့ပွဲမှာရတဲ့ ဒဏ်ရာကြောင့် သေဆုံးခဲ့ရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top