ဖုန်မှုန့်တွေကြောင့် ဓာတ်မတည့်တာတွေကို လျော့ပါးသွားစေမဲ့ အရိုးရှင်းဆုံးနည်းလမ်းများ

N1.jpg

ဖုန်မှုန့်တွေကြောင့် နှာချေရတာက အဖြစ်များတဲ့ ဓာတ်မတည့်မှုတစ်မျိုးပါပဲ။ အဲဒီဓာတ်မတည့်ခြင်းက ထိန်းချုပ်ဖို့ ခက်လှပါတယ်။ နှာချေခြင်း၊ နှာမွှန်ခြင်း၊ မျက်ရည်ဝဲခြင်း၊ အသက်ရှုရတာ ခက်ခဲခြင်း၊ ချောင်းဆိုးခြင်းတွေက ဖုန်မှုန့်ဓာတ်မတည့်မှုတွေရဲ့ အဖြစ်များတဲ့လက္ခဏာရပ်တွေဖြစ်ပါတယ်။

အဲဒီဓာတ်မတည့်တာတွေက လေထဲမှာ ဖုန်မှုန့်တွေ ပါရှိခြင်းကြောင့် ဖြစ်ရတာပါ။ ဖုန်မှုန့်နဲ့ဓာတ်မတည့်တဲ့သူတွေက ကျန်းမာရေးကို ထိန်းသိမ်းတဲ့အနေနဲ့ ဆေးကို ပုံမှန်သောက်ပေးရပါတယ်။ ဒါပေမဲ့ ဒါက ဖြေရှင်းနည်းတစ်ခုတော့ မဟုတ်ပါဘူး။ သင်ဟာ ဖုန်မှုန့်နဲ့ ဓာတ်မတည့်တဲ့သူဖြစ်မယ်ဆိုရင် အောက်မှာ ဖော်ပြေပေးထားတဲ့ ရိုးရှင်းဆုံးအိမ်တွင်းနည်းတွေနဲ့ ဓာတ်မတည့်မှုတွေ လျော့ပါးသွားအောင် ကြိုးစားကြည့်လိုက်ပါ။

ပျားရည်

ပျားရည်နဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို ပြောပြစရာမလိုအောင် သိပြီးသားဖြစ်မှာပါ။ ပျားရည်ကို စားသုံးပေးခြင်းက ဖုန်မှုန့်ကြောင့် ဓာတ်မတည့်မှုတွေကို ကုသပေးတဲ့နေရာမှာ အကူအညီဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ပတ်ဝန်းကျင်မှာရှိနေတဲ့ ဓာတ်မတည့်ခြင်းတွေနဲ့ လိုက်လျောညီထွေေအောင် ပျားရည်က ကူညီပေးမှာပါ။ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း စားပေးရုံနဲ့ နှာချေတာ၊ ချောင်းဆိုးတာတွေကို ပြေလျော့စေပါတယ်။

ပန်းသီးအရက်ရှာလကာရည်

ပန်းသီးအရက်ရှာလကာရည်က ဖုန်မှုန့်နဲ့ဓာတ်မတည့်မှုကို ကုသတဲ့နေရာမှာ ထိရောက်မှုရှိပါတယ်။ ရေ (၃) ခွက်ထဲကို ပန်းသီးအရက်ရှာလကာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရောထည့်လိုက်ပြီး တစ်နေ့ သုံးကြိမ် သောက်သုံးပေးပါ။ ဒီဖျော်ရည်က ချွဲ၊သလိပ်ထုတ်လုပ်မှုကို နှေးသွားစေပြီး သွေးဖြူစနစ်တွေကို ရှင်းပေးပါတယ်။

ရေနွေးငွေ့

ရေနွေးငွေ့ရှုခြင်းက ဖုန်မှုန့်နဲ့ ဓာတ်မတည့်ခြင်းကို ကုသပေးနိုင်တဲ့ နောက်ထပ်နည်းတစ်နည်းပါပဲ။ ဇလုံအကြီးတစ်ခုထဲမှာ ရေနွေးအနည်းငယ်ထည့်လိုက်ပြီး အဲဒီက ထုတ်လွှင့်လာတဲ့ ရေနွေးငွေ့ကို မျက်နှာအပ်လိုက်ပါ။ ရေနွေးငွေ့ရှုတဲ့အခါ မျက်နှာသုတ်ပုဝါနဲ့ ခေါင်းကို အုပ်ထားပါ။ ဒါကို အနည်းဆုံး (၁၀) မိနစ်လောက် လုပ်ပါ။ ဒီနည်းက နှာခေါင်းနဲ့ဆိုင်တဲ့ပြဿနာတွေကို သက်သာစေပါတယ်။

ဗီတာမင် စီ

ဖုန်မှုန့်နဲ့ဓာတ်မတည့်မှုကို ပြေလျော့စေတဲ့နေရာမှီာ အလွယ်ကူဆုံးနည်းကတော့ လိမ္မော်သီး၊ ရှောက်ချိုသီးလိုမျိုး သစ်သီးတွေကို စားပေးပါ။ ဗီတာမင်စီ ပြည့်ဝတဲ့ သစ်သီးတွေက သွေးဖြူဆဲလ်ကြောင့် ဖြစ်လာတဲ့ ဟစ္စတာမင်း (Histamine) ဒြပ်ပေါင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် စီကလည်း နှာခေါင်းပိတ်ခြင်း၊ နှာမွှန်ခြင်းတွေ လျော့နည်းစေပါတယ်။

Ref: “Try these simple tips to get relief from dust allergy”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top