ပျော်ရွှင်ငြိမ်းချမ်းမှုကို ဘယ်လိုရှာဖွေမလဲ

generic-happiness.jpg

တစ်ခါက အထိမ်းအမှတ်နေ့စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာတစ်ယောက်ဟာ နားထောင်သူပရိသတ်တွေကို မှတ်သားဖွယ်ရာတွေဟောပြောနေပါတယ်။ ဒီလိုဟောပြောနေရင်း စာရေးဆရာက ရုတ်တရက် အခုလို ဆိုလိုက်ပါတယ်။

“အောက်က မိတ်ဆွေတွေလည်း ပျင်းနေလောက်ရောပေါ့။ အဲဒီအတွက် ပျော်ရွှင်စရာလေးလည်းဖြစ်အောင် ပြီးတော့ မိတ်ဆွေတို့ကို အသိလေးတစ်ခုပေးချင်တာလေးရှိလို့ စီစဉ်ထားတာလေးရှိတယ်ခင်ဗျ။ မိတ်ဆွေတို့လက်ထဲကို ဒီကညီငယ်လေးတွေက ပူဖောင်းတစ်ယောက်တစ်လုံးစီ လာပေးပါမယ်။ အဲဒီ ပူဖောင်းလေးတွေအပေါ်မှာ ဆော့ပင်နဲ့ မိတ်ဆွေတို့ရဲ့ နာမည်ကိုရေးပြီး ကျွန်တော့်ဆီကို လာပေးပေးပါခင်ဗျ “

ဒီလိုနဲ့ အောက်မှာနားထောင်နေတဲ့ပရိသတ်တွေက သူတို့လက်ထဲရောက်လာတဲ့ ပူဖောင်းလေးတွေပေါ်မှာ နာမည်ကိုယ်စီရေးပြီး စာရေးဆရာကို သွားပြန်ပေးလိုက်ပါတယ်။ စာရေးဆရာက လာပေးတဲ့ပူဖောင်းလေးတွေအားလုံးကို မွှေနှောက်ပြီးနောက် အခုလိုပဲပြောလိုက်ပါတယ်။

” ကဲ…မိတ်ဆွေတို့ အခုဒီမှာ မိတ်ဆွေတို့လာပေးထားတဲ့ ပူဖောင်းလေးတွေကို ရောမွှေထားတယ်။ ဒီထဲကနေပြီးတော့ ကိုယ့်နာမည်ရေးထားတဲ့ ပူဖောင်းလေးတွေကို ငါးမိနစ်အတွင်း ပြန်ရှာကြည့်ပေးပါလား “

ငါးမိနစ်ပြည့်တဲ့အထိ ဘယ်သူမှ ကိုယ့်နာမည်ရေးထားတဲ့ပူဖောင်းလေးတွေကို မရှာနိင်ခဲ့ပါဘူး

နားထောင်နေတဲ့လူတွေအားလုံးဟာ ပူဖောင်းတွေထဲကနေ ကိုယ့်နာမည်ကိုယ်ရေးထားတဲ့ ပူဖောင်းလေးတွေကို အသည်းအသန်ရှာကြပါတော့တယ်။ ငါးမိနစ်ပြည့်တဲ့အထိ ဘယ်သူမှ ကိုယ့်နာမည်ရေးထားတဲ့ပူဖောင်းလေးတွေကို မရှာနိင်ခဲ့ပါဘူး။ ဒီအခါ စာရေးဆရာက ” မိတ်ဆွေတို့…ကိုယ့်လက်ထဲရှိနေတဲ့ ပူဖောင်းမှာရေးထားတဲ့ နာမည်ကို အော်ပေးလိုက်မယ်ဆိုရင် သက်ဆိုင်သူပိုင်ရှင်ပေါ်လာမှာပါ။ ကျွန်တော်ပြောသလို ကြိုးစားကြည့်ပါဦး “လို့ဆိုလိုက်တဲ့အခါ အားလုံးဟာ စာရေးဆရာပြောတဲ့အတိုင်း ထပ်မံလုပ်ဆောင်ကြည့်လိုက်ပြီး တစ်ခဏအတွင်း အားလုံးပဲ ကိုယ်နာမည်ရေးထားတဲ့ပူဖောင်းလေးတွေကို ပြန်ရှာဖွေနိင်ခဲ့ပါတယ်။

လူမှုဆက်ဆံရေးမှာ ပျော်ရွှင်မှုဆိုတာ အရမ်းအရေးကြီးပါတယ်

အဲဒီအခါ “ကိုယ့်နာမည်ရေးထားတဲ့ ပူဖောင်းလေးတွေပြန်ရှာဖွေနိင်လို့ ပျော်ရွှင်နေကြပီမလား။ ဒီဂိမ်းလေးကနေပေးချင်တဲ့ အသိလေးတစ်ခုကတော့ ကျွန်တော်တို့လူမှုဆက်ဆံရေးမှာ ပျော်ရွှင်မှုဆိုတာ အရမ်းအရေးကြီးပါတယ်။ ပျော်ရွှင်မှုမရှိဘူးဆိုရင် ဘယ်အရာမဆိုလုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ စိတ်ဓာတ်တွေကျဆင်းလာနိင်ပါတယ်။ အရေးကြီးတဲ့ပျော်ရွှင်မှုကိုဘယ်လိုရှာမလဲ။ ပျော်ရွှင်မှုကိုရှာဖွေတဲ့အခါ မိမိဘာသာမိမိရှာဖွေနေမယ်ဆိုရင် စောနက မိတ်ဆွေတို့ ပူဖောင်းအများကြီးထဲကနေ ကိုယ့်နာမည်ရေးထားတဲ့ပူဖောင်းကို ရှာဖွေရတာခက်ခဲသလို အဆင်မပြေတာတွေ စိုးရိမ်ပူပန်ရတာတွေ ဖြစ်ပေါ်လာနိင်ပါတယ်။ အကောင်းဆုံးကတော့ ကိုယ့်ပတ်ဝန်းကျင်က မိတ်ဆွေတွေကို ပျော်ရွှင်အောင်ထားပါ။ သူတို့ရဲ့ ပျော်ရွှင်မှုတွေက သင်တို့ဆီကို ကူးစက်လာတဲ့အခါ အေးမြတဲ့ပျော်ရွှင်မှုကို သင်ခံစားနိင်မှာပဲ ဖြစ်ပါတယ်။ အောင်မြင်မှုကိုလျှောက်လမ်းတဲ့အခါမှာလည်း တစ်ဦးတစ်ယောက်တည်းလျှောက်လှမ်းတာထက် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီရင်းလျှောက်လမ်းမယ်ဆိုရင် စိတ်ဖိစီးမှုတွေကိုလျော့နည်းစေနိင်ရုံသာမက မျှော်မှန်းထားတာထက် ပန်းတိုင်ကို စောစောရောက်နိင်ပါတယ် ” လို့ စာရေးဆရာက ပြောပြလိုက်ပါတယ်။

Ref: “How can we be happy”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top