လာရောက်စားသုံးသူတွေကို ခပ်ခွာခွာနေစေဖို့ စားပွဲခုံတွေမှာ ဝက်ဝံရုပ်ကြီးတွေ အသုံးပြုထားတဲ့ ပါရီမြို့က ကော်ဖီဆိုင်

30-6-2020-yyl-004.jpg

ကမ္ဘာတစ်ဝှမ်းမှာ စားသောက်ဆိုင်၊ ကော်ဖီဆိုင် အပါအဝင် ဆိုင်တွေက လတော်တော်ကြာ ပိတ်ထားခဲ့ရတာကြောင့် စီးပွားရေးကို ပြန်လည်ပတ်နိုင်ဖို့ ကြိုးစားနေကြရပါပြီ။ အခုတော့ ဆိုင်တော်တော်များများကို အစိုးရက ပြန်ဖွင့်ခွင့်ပေးထားတဲ့အတွက် စားသုံးသူတွေ ဘေးကင်းဖို့ကို အဓိက လုပ်ဆောင်နေကြရပါတယ်။ စားသုံးသူတွေ ဘေးကင်းဖို့ဆိုရင် အစိုးရက ချမှတ်ထားတဲ့ စည်းမျဉ်းနဲ့အညီရော တီထွင်ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ပါ ဆိုင်တော်တော်များများက ဖွင့်ဖို့ကြိုးစားနေကြပါတယ်။

တချို့ဆိုင်တွေမှာ စားသုံးသူတွေ ခပ်ခွာခွာဖြစ်ဖို့အတွက် စားပွဲတစ်ခုမှာ လူ (၂) ယောက်ပဲထိုင်လို့ရပါတယ်။ တချို့နေရာတွေကတော့ စားသုံးသူတွေ ခပ်ခွာခွာနေကြဖို့ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုနေကြပါတယ်။ ပါရီမြို့က ကော်ဖီဆိုင်တစ်ခုဆိုရင်လည်း လာရောက်စားသုံးတဲ့သူတွေကို တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေစေဖို့အတွက် စားပွဲခုံတွေမှာ ဝက်ဝံရုပ်ကြီးတွေကို အသုံးပြုထားတာတွေ့ရပါတယ်။ ကော်ဖီဆိုင်ကို လာတဲ့သူတွေက ဝက်ဝံရုပ်ကြီးရဲ့ဘေးမှာ ထိုင်ပြီး သင့်ကို အဖော်ပြုပေးရင်းနဲ့ ကော်ဖီသောက်ရမှာဖြစ်ပါတယ်။

လူတိုင်းကို ဘေးကင်းစေဖို့အတွက် ထူးခြားတဲ့နည်းတွေအသုံးပြုပြီး ဝန်ဆောင်မှုပေးနေတာက ဒီကော်ဖီဆိုင်တစ်ခုတည်းတင်မဟုတ်ကြောင်းနဲ့ တီထွင်ဆန်းသစ်တဲ့နည်းလမ်းတွေနဲ့ စားသုံးသူတွေကို ဘေးကင်းစေဖို့က လက်ရှိမှာ ခေတ်စားနေကြောင်း လူမှုကွန်ယက်အသုံးပြုသူတွေက ဆိုပါတယ်။ ဆိုင်မှာ ထိုင်ပြီး စားသောက်ချင်တဲ့သူတွေကို တစ်ယောက်နဲ့တစ်ယောက်ခပ်ခွာခွာနေအောင် အခြားဆိုင်တွေကလည်း ထူးခြားဆန်းသစ်တဲ့နည်းလမ်းတွေကို အသုံးပြုနေတာတွေ့ရမှာပါ။ Cafe & Konditorei Rothe ဂျာမန်ကော်ဖီဆိုင်တစ်ခုဆိုရင်လည်း လာရောက်စားသောက်သူတွေကို ပျော်ရွှင်စွာ စားသောက်ရင်း Social Distancing စည်းမျဉ်းကို လိုက်နာစေဖို့ လာအားပေးသူတွေက ဖော့ချောင်းတွေကို ဦးထုပ်အနေနဲ့ ဝတ်စေခဲ့ပါတယ်။

အဲဒီကော်ဖီဆိုင်အပြင်ဘက်မှာ ထိုင်မယ့်သူတွေက ဖော့ချောင်းနှစ်ခုကို ကြက်ခြေခတ်ထားတဲ့ ဦးထုပ်ကို ဝတ်ကြရပါတယ်။ ကော်ဖီဆိုင်ရဲ့အဲဒီစိတ်ကူးကို ဖေ့စ်ဘွတ်မှာ မျှဝေကြရင်းနဲ့ လူတော်တော်များများသိသွားခဲ့ကြတာပါ။

Ref: Cafe In Paris Is Using Giant Teddy Bears To Socially Distance Customers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top