သင့်ရဲ့ တိုးတက်မှုကို ပိတ်ဆို့နေသူ ဆုံးပါးသွားပါပြီ

9-1-2023-yyl-66.jpg

တခါက ကုမ္ပဏီတစ်ခုမှာ စည်းကမ်းတင်းကျပ်လွန်းတဲ့ စီအီးအိုတစ်ယောက် ရှိတယ်။ ဝန်ထမ်းတွေ အမှားလုပ်မိရင်၊ တိုးတက်မှုမရှိဘူးလို့ သူ့စိတ်ထဲ ထင်ရင် ဒဏ်ရိုက်လေ့ရှိတယ်။ တစ်နေ့တော့ ဝန်ထမ်းတွေ ရုံးရောက်တဲ့အခါ ” ဒီကုမ္ပဏီမှာ မင်းတို့ကို မတိုးတက်အောင် လုပ်နေတဲ့သူတော့ မနေ့ကပဲ ဆုံးသွားပြီ။ ဈာပနအခမ်းအနားအတွက် ခန်းမကျယ်မှာ စုဝေးကြပါ”ဆိုတဲ့ စာတမ်းချိတ်ထားတာကို မြင်လိုက်ရတယ်။

စီအီးအို ဆုံးသွားပြီဆိုတော့ ကျန်ရစ်သူ မိသားစုအတွက် စိတ်မကောင်း ဖြစ်ကြပေမဲ့ ” ငါများ ရာထူးတိုးလေမလား” ဆိုတဲ့ ရင်ခုန်မျှော်လင့်စိတ်ကလေးတွေလည်း ဝန်ထမ်းကိုယ်စီမှာ ရှိနေပါတယ်။

ခန်းမဆောင်ထဲ ဝင်လိုက်ချိန်မှာတော့ ဝန်ထမ်းတွေ မျက်လုံးပြူးသွားတယ်။ စီအီးအိုကို အရှင်လတ်လတ်ကြီး မြင်လိုက်ရလို့ပေါ့။ ” ငါတို့ကို မတိုးတက်အောင် လုပ်နေတာ စီအီးအို မဟုတ်ရင် ဘယ်သူလဲ။ ဒါဆို ဘယ်သူ ဆုံးသွားတာလဲ” ဆိုပြီး ဝန်ထမ်းတွေ ဒွိဟဖြစ်သွားကြတယ်။ သိချင်စိတ် ပြင်းပြလွန်းလို့ ခန်းမအလယ်မှာ ချထားတဲ့ အခေါင်းထဲ သွားကြည့်လိုက်တော့ ကိုယ့်မျက်စိကိုယ် မယုံနိုင်အောင် ဖြစ်သွားတယ်။

အခေါင်းထဲမှာ မှန်တစ်ချပ်။ မှန်ထဲမှာ မြင်ရတာ သူတို့ပုံရိပ်။ မှန်ဘေးမှာ ရေးထားတဲ့စာကတော့ ” ကိုယ့်တက်လမ်းကို ပိတ်ဆို့နိုင်နေသူဟာ ကိုယ်မှတပါး တခြားမရှိ” တဲ့။


” ဒါတော့ ငါ မလုပ်နိုင်လောက်ပါဘူးလို့ ထင်နေတဲ့ အဟန့်အတားတွေကို ကျော်ဖြတ်ကြည့်လိုက်ရင် သင့်ဘဝ အပြောင်းအလဲဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။ တကယ်တော့ သူ့ရဲ့အောင်မြင်မှု၊ ကျရှုံးမှုကို အဆုံးအဖြတ်ပေးမယ့်သူဟာ တခြားသူ မဟုတ်ပါဘူး။ သင်ကိုယ်တိုင်ပါပဲ”

Ref: Don’t Hold Back

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top