တောမီးကြောင့် မီးခိုးဖုံးနေလို့ နေ့လယ်ခင်းမှာ အလင်းရောင်မမြင်ရတဲ့ ဆန်ဖရန်စစ္စကိုမြို့

10-9-2020-yyl-008.jpg

တောမီးကြောင့် မီးခိုးတွေ ဖုံးလွှမ်းနေတဲ့ ဆန်ဖရန်စစ္စကိုမြို့မှာတော့ မွန်းလွဲ ၁၁ နာရီထိုးချိန်အထိ အလင်းရောင်မရသေးဘဲ ကောင်းကင်ကြီးတစ်ခုလုံး လိမ္မော်ရောင်သန်းနေဆဲပါပဲ။ စံချိန်တင်အပူလှိုင်းဖြတ်နေတဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းမှု ၂၈ ခု ရှိနေပြီး မီးသတ်သမား ၁၄၀၀၀ နီးပါးက ငြှိမ်းသတ်နေရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ လေပြင်းတိုက်ခတ်လို့ တောမီးလောင်ကျွမ်းရာနေရာက မီးခိုးတွေ၊ ပြာမှုန့်တွေက ဆန်ဖရန်စစ္စကိုမြို့ကို လွင့်လာပြီး ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံထားလို့ နေ့လယ်ခင်းရောက်နေပေမဲ့ အလင်းရောင် ဖောက်မဝင်နိုင်ဘဲ ဖြစ်နေတာပါ။

လာမယ့်ရက်ပိုင်းမှာလည်း တောမီးကြောင့် နေ့လယ်ခင်းမှာ အလင်းရောင်မမြင်ရတဲ့ အခုလို အခြေအနေမျိုး ထပ်ကြုံရဦးမယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒီနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်မှာ တောမီးလောင်ကျွမ်းခံရတဲ့ မြေနေရာအကျယ်အဝန်း ဧက ၂.၅ သန်းရှိပြီး အနည်းဆုံး လူ ၈ ယောက် သေဆုံးခဲ့ပါတယ်။

Ref: BBC ” California wildfires: Smoke turns skies orange”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top