ကျောင်းသား/သူတွေ အဆင်ပြေစေဖို့ ဂိုဒေါင်ကိုစာကြည့်တိုက်အဖြစ်‌ပြောင်းလဲပစ်ခဲ့တဲ့ဆရာမ

10-9-2020-yyl-004.jpg

တက္ကဆပ်ပြည်နယ်က ဂျနီဖာ မာတင် (Jennifer Martin) ဆိုတဲ့ အလယ်တန်းပြဆရာမတစ်ဦးကတော့ ကျောင်းသား၊သူတွေ ကျောင်းချိန်ပြင်ပအတွင်းမှာ စာကြည့်တိုက်သွားရတာ အခက်အခဲမဖြစ်စေဖို့အတွက် သူ့အိမ်ရဲ့ဂိုဒေါင်မှာ အခမဲ့စာကြည့်တိုက်လေး ဖန်တီးခဲ့ပါတယ်။ ဂျနီဖာဟာ အရင်က စာအုပ် ၁၅၀၀ ကျော်ကို စုဆောင်းမိခဲ့တဲ့အတွက် အဲဒီစာအုပ်တွေနဲ့ မကြာသေးခင်ကမှ လှူဒါန်းထားတဲ့စာအုပ်တွေက အခုဆိုရင် သူ့ရပ်ကွက်ထဲက ကလေးတွေအတွက်ဖြစ်သွားပါပြီ။ အဲဒီစာအုပ်တွေကို သူ့အိမ်ရဲ့ကားဂိုဒေါင်မှာ ဖွင့်ထားတဲ့ အခမဲ့စာကြည့်တိုက်မှာ ဖတ်ရှုလို့ရပါတယ်။

“ရာသက်ပန်စာဖတ်သမားဖြစ်ချင်ရင် ကျောင်းသားတစ်ယောက်က စာဖတ်ခြင်းရဲ့ပျော်ရွှင်မှုကို ရှာရမယ်”လို့ ဂျနီဖာက ပြောပါတယ်။ ဂျနီဖာဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက တက္ကဆပ်ပြည်နယ်အပြင်ဘက် ခရိုင်ကျောင်းတစ်ကျောင်းမှာ စာသင်ကြားပေးခဲ့တာပါ။ အဲ့ဒီတုန်းက ရပ်ကွက်ထဲက ကလေးတွေကို ကျောင်းတက်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကျောင်းနေရာကြောင့် အလယ်တန်းကျောင်းအတွက် အများပြည်သူစာကြည့်တိုက်က အနည်းဆုံး ၁၅ မိုင်အဝေးမှာ ရှိပါတယ်။ ဒါကြောင့် သူ့ကျောင်းသူကျောင်းသားတွေ စာကြည့်တိုက်သွားဖို့ အခက်အခဲဖြစ်ရပါတယ်။

ဂျနီဖာက ကျောင်းသား/သူတွေကို ကျောင်းချိန်ပြင်ပအတွင်းမှာလည်း စာကြည့်တိုက်ကို လာပြီး စာအုပ်တွေရနိုင်မယ့် အခွင့်အရေးကို ရစေချင်ခဲ့တာပါ။ ဒါကြောင့် ဂျနီဖာက သူကိုယ်တိုင် စုထားတဲ့ စာအုပ်တွေ၊ သူ့ငွေတွေကို သုံးပြီး သူ့အဖေနဲ့အတူ နေထိုင်တဲ့အိမ်မှာ ကိုယ်ပိုင်စာကြည့်တိုက်လေးဖွင့်ခဲ့ပါတယ်။ “ကျွန်မမှာ ကလေးမရှိတဲ့အတွက် ဂိုဒေါင်က အရုပ်တွေနဲ့လည်း ပြည့်မနေတဲ့အတွက် ကျွန်မ နေရာရှိပါတယ်။ ကျွန်မရဲ့အလယ်တန်းကျောင်းက ကလေး ၄၀ ရာခိုင်နှုန်းလောက်နေတဲ့ ရပ်ကွက်မှာ ကျွန်မနေတာပါ”လို့ ဂျနီဖာက ပြောပါတယ်။

ကလေးတွေ စာကြည့်တိုက်သွားပြီး စာဖတ်ရတာအခက်အခဲဖြစ်တာကို ဂျနီဖာသိခဲ့ရတဲ့အတွက် ကျောင်းသား/သူတွေအတွက် အခမဲ့စာကြည့်တိုက်လေး ဖွင့်ပေးခဲ့တာပါ။ ကလေးတွေကြိုက်မယ့်စာအုပ်တွေ စာကြည့်တိုက်မှာ ထားနိုင်ဖို့အတွက် မုန့်စားမယ့်အစား ဒေါ်လာ ၂၀ နဲ့ စာအုပ်များစွာဝယ်ယူခဲ့ပါတယ်။ ဂျနီဖာရဲ့စာကြည့်တိုက်က တစ်ခါတည်းနဲ့ စာအုပ် ၂အုပ်ငှါးရမ်းလို့ရပါတယ်။ ငှါးရမ်းထားတဲ့စာအုပ်တွေဖတ်ဖို့လည်း အချိန်လုံလုံလောက်လောက်ရပါတယ်။ ကလေးတွေ စာအုပ်ဖတ်လို့ပြီးတဲ့အချိန်မှာ လာပြန်အပ်ပြီး ၂ အုပ်ထက်ပိုပြီး ငှါးရမ်းလို့ရပါတယ်။

ဒီရက်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာကြည့်တိုက်ကိုလာရင် Mask ဝတ်လာဖို့နဲ့ social distancing စည်းမျဉ်းတွေ လိုက်နာဖို့ လိုအပ်ပါတယ်။.ဂျနီဖာကလည်း စာအုပ်တွေကို ပိုးသတ်သန့်စင်တာအပြင် ဒေသအတွင်းချမှတ်ထားတဲ့ စည်းမျဉ်းတွေကို လိုက်နာနေပါတယ်။ Social Distancing စည်းမျဉ်းကို လိုက်နာရင်းနဲ့တောင် စာကြည့်တိုက်က သူ့အတွက် ကျောင်းသား/သူတွေနဲ့ အချိတ်အဆက်မိဖို့နဲ့ ကျောင်းသား/သူတွေအတွက် အချင်းချင်း အဆက်အသွယ်ရဖို့ နည်းလမ်းတစ်ခုဖြစ်ခဲ့ပါတယ်လို့ ဆိုပါတယ်။ ဂျနီဖာရဲ့ကျောင်းက အခုလအစောပိုင်းမှာ အွန်လိုင်းကနေစာသင်ကြားမှုစနစ်နဲ့ ပြန်ဖွင့်နေပါပြီ။

“ကလေးတွေ လာတဲ့အခါ သူတို့တွေ ကျွန်မနဲ့ရော သူငယ်ချင်းတွေနဲ့ပါ တွေ့ခွင့်ရတယ်။ စာအုပ်တွေအကြောင်းပြောဖြစ်ကြတယ်။ ကျွန်မ တနင်္လာနေ့မှာ ကလေးတစ်ယောက်ကိုတွေ့တော့ သူက စာအုပ်ဖတ်လို့ပြီးပြီပြောပါတယ်။ သူ စနေ၊ တနင်္ဂနွေမှာ စာဖတ်တဲ့သဘောပါပဲ”လို့ ဂျနီဖာက ပြောပါတယ်။ ဂျနီဖာက စက်ဘီးလေးနဲ့ ရပ်ကွက်ထဲက ကလေးတစ်ယောက်နဲ့ဆုံဖူးတဲ့အဖြစ်အပျက်တစ်ခုကိုလည်း ပြန်ပြောပြခဲ့ပါတယ်။ အဲဒီကလေးက ဂျနီဖာရဲ့ဂိုဒေါင်သာ စာကြည့်တိုက်ဆိုရင် သူဖတ်ချင်တဲ့စာအုပ်လာဖတ်ဦးမယ်လို့ ပြောသွားခဲ့တာပါ။
ဂျနီဖာက သူ့ရဲ့ဂိုဒေါင်စာကြည့်တိုက်လေးအတွင်းမှာပဲ ကလေးတွေ အချင်းချင်းအပြန်အလှန်အကျိုးရှိစေဖို့မျှော်လင့်နေပါတယ်။ ဒါမှာ ကလေးတွေက အမြဲ စာဖတ်ချင်တဲ့သူတွေဖြစ်လာမှာဖြစ်လို့ပါပဲ။

Ref: ABCNews “This teacher built a library in her garage when she realized her students didn’t have close access to a public library”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top