အုန်းရည်က ဝိတ်ကျချင်တဲ့သူတွေအတွက် အကူအညီဖြစ်စေနိုင်လား

Coconut_Water_550x350.jpg

အုန်းရည်က အချိန်အခါမရွေး ရနိုင်တဲ့၊ သောက်သုံးလို့ရတဲ့ အရည်တမျိုးပါပဲ။ ကျန်းမာရေးအကျိုးကျေးဇူးများစွာကြောင့် လူတော်တော်များများ သောက်သုံးကြတာပါ။ အုန်းရည်ကို လတ်လတ်ဆတ်ဆတ်ဝယ်ယူသောက်သုံးလို့ရတဲ့အပြင် အသင့်သောက်သုံးလို့ရတဲ့အုန်းရည်ဗူးတွေကိုလည်း စူပါမားကတ်တွေမှာ ဝယ်ယူလို့ရနိုင်ပါတယ်။ အားကစားသမားတွေအတွက်လည်း ချက်ချင်းအားအင်တိုးလာစေနိုင်တဲ့ အရည်လည်းဖြစ်ပါတယ်။

အုန်းရည်က ကယ်လိုရီနည်းပြီး သဘာဝအင်ဇိုင်းဓာတ်တွေ၊ ပိုတတ်စီယမ်၊ အမျှင်၊ ပရိုတင်းလို သတ္တုဓာတ်တွေ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်မတက်စေနိုင်ပါဘူး။ ဘယ်အချိန်မဆို အုန်းရည်ကို သောက်သုံးလို့ရပေမဲ့ အချိန်မှန်မှန်သောက်သုံးပေးတာက ကောင်းကျိုးနှစ်ဆရနိုင်ပါတယ်။ အုန်းရည်က ခန္ဓာကိုယ်အတွင်းက လျှပ်လိုက်ရည်တွေကို အားဖြည့်ပေးနိုင်စွမ်းရှိတဲ့ အမျိုးမျိုးသောသတ္တုဓာတ်၊ ဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ အုန်းရည်ကို တစ်နေ့ တစ်ခါပဲသောက်ထားရင်တောင် သင့်ကို တစ်နေ့တာလုံး လန်းဆန်းပြီး ရေဓာတ်ပြည့်ဝနေစေမှာဖြစ်ပါတယ်။

ကိုယ်အလေးချိန်ကျစေဖို့အတွက် အုန်းရည်

သင်က ဝိတ်ကျဖို့ကြိုးစားနေတယ်ဆိုရင် အုန်းရည်က အခြားသစ်သီးဖျော်ရည်တွေနဲ့ ယှဉ်ရင် သတ္တုဓာတ်ပိုကြွယ်ဝတဲ့အတွက် အခြားသစ်သီးဖျော်ရည်တွေကို သောက်မယ့်အစား အုန်းရည်ကို သောက်သုံးပေးနိုင်ပါတယ်။ သစ်သီးဖျော်ရည်တွေက သကြားပေါင်းထည့်ထားတာကြောင့်ပါ။ အုန်းရည်က အုန်းသီးရဲ့သဘာဝအရည်ဖြစ်တဲ့အတွက် ကယ်လိုရီနည်းတဲ့အပြင် အခြားသစ်သီးဖျော်ရည်တွေနဲ့ယှဉ်ရင်လည်း သကြားပါဝင်မှုနည်းပါတယ်။

ဝိတ်ကျဖို့အတွက် အုန်းရည်သောက်ပေးသင်တဲ့ အချိန်ကောင်း

အခြားဖျော်ရည်တွေနဲ့ မတူတာကတော့ အုန်းရည်ကို သောက်သုံးဖို့ အချိန်အတိအကျမရှိပါဘူး။ လူတစ်ယောက်က နေ့ဘက်ပဲ သောက်သောက် ညဘက်ပဲသောက်သောက် သောက်သုံးလို့ရပါတယ်။ ဒါပေမဲ့ တစ်နေ့တာမှာ အုန်းရည်ကို သောက်သုံးဖို့ အချိန်အတိအကျသတ်မှတ်ပေးထားမယ်ဆိုရင် အကျိုးကျေးဇူးပိုရအောင် ကူညီပေးပါလိမ့်မယ်။ မနက်ခင်း ဗိုက်ထဲ အစာမရှိခင် အုန်းရည်သောက်သုံးပေးတာက သင့်ကို နည်းအမျိုးမျိုးနဲ့ ကူညီပေးနိုင်ပါတယ်။ ကိုယ်ခံအားကောင်းစေတဲ့။ ဇီဝဖြစ်စဉ်အားကောင်းစေတဲ့ လောရစ်အက်ဆစ် (Lauric acid) လည်း ပါဝင်ပါတယ်။ ရေဓာတ်ကုန်ခန်းတာနဲ့ ဝမ်းချုပ်တာတွေကို သက်သာသွားစေဖို့အတွက် အုန်းရည်ကို သောက်သုံးပေးဖို့ အကြံပြုထားကြပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေရဲ့ မနက်ခင်းမူးဝေအော့အန်တာနဲ့ ရေပူရင်ဆာဖြစ်တာတွေကိုလည်း သက်သာသွားအောင် အုန်းရည်က ကူညီပေးနိုင်ပါသေးတယ်။

Ref: Weight loss: Can coconut water help you lose weight?
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top