ကိုရိုနာဗိုင်းရပ်စ်က ဖိနပ်တွေကတဆင့် ပျံ့နှံ့နိုင်လား

5-4-2020-yyl-001.jpg

တစ်ကမ္ဘာလုံးနီးပါးမှာ COVID-19 ပျံ့နှံ့နေတာကြောင့် လူတွေက အဲဒီအန္တရာယ်ကနေ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေကို ရှာဖွေနေကြရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လမ်းညွှန်ထားတဲ့အတိုင်း လက်သန့်ရှင်းရေး အလေ့အကျင့်လည်းလုပ်နေရသလို Mask လည်း ဝတ်ဆင်နေကြရပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်အန္တရာယ်ကို ထိန်းချုပ်ဖို့အတွက် ဖြစ်နိုင်တဲ့နည်းလမ်းမှန်သမျှတဲ့ လုပ်ဆောင်နေကြပါတယ်။ ဗိုင်းရပ်စ်တွေက ဘယ်လိုနေရာတွေမှာ ဘယ်လောက်ထိကြာကြာရှင်သန်နိုင်လဲဆိုတဲ့ အချက်တွေကိုလည်း သိရှိထားပြီဖြစ်ပါတယ်။

COVID-19 က ကတ်ထူပြားတွေပေါ်မှာ (၂၄) နာရီရှင်သန်နိုင်တဲ့အပြင် စတီးနဲ့ပလတ်စတစ်ပေါ်တွေမှာ (၃) ရက်ထိရှင်သန်နိုင်တယ်လို့ အမေရိကန်နိုင်ငံက National Institutes of Health ရဲ့လေ့လာချက်အရ သိရပါတယ်။ ဖိနပ်တွေမှာလည်း အများဆုံး (၅) ရက် ရှင်သန်နိုင်တယ်လို့လည်းလေ့လာချက် တော်တော်များများက ဆိုထားပါတယ်။ ဖိနပ်အများစုက သားရေ၊ ရာဘာ၊ ပလတ်စတစ်တို့နဲ့ ပြုလုပ်ထားတဲ့အတွက် ဗိုင်းရပ်စ်တွေ ခိုအောင်းရာနေရာ ဖြစ်လာနိုင်ပါတယ်။

ဗိုင်းရပ်စ်တွေ ရှင်သန်နိုင်တဲ့အချိန်က အခန်းတွင်းအပူချိန်မှာ ဖိနပ်နဲ့ဆက်စပ်တဲ့ပစ္စည်းတွေမှာ တကယ်ကို (၅) ရက် (သို့) (၅) ရက်ထက်ပိုကြာနိုင်တယ်လို့ ကူးစက်ရောဂါအထူးကုဆရာဝန် Mary E. Schmidt ကဆိုပါတယ်။ အထူးသဖြင့် ဈေး၊ ဆေးရုံ၊ အလုပ်ခွင်လို လူဦးရေများတဲ့နေရာတွေမှာ ဝတ်ဆင်ရင် ဖိနပ်တွေက ဗိုင်းရပ်စ်တွေကပ်ညှိမယ့် နေရာဖြစ်နိုင်ပါတယ်လို့ အမေရိကန်နိုင်ငံက မိသားစုဆရာဝန်ဖြစ်တဲ့ Georgine Nanos ရဲ့ပြောစကားအရ သိရပါတယ်။

သင့်ဖိနပ်က ရောဂါရှိတဲ့နေရာနဲ့ ထိတွေ့မိရင် ကူးစက်ခံထားရတဲ့ တစ်စုံတစ်ယောက်က သင့်အနီးနားမှာ နှာချေ၊ ချောင်းဆိုးမိရင် သင့်နဲ့အတူ ဗိုင်းရပ်စ်တွေ ပါလာနိုင်ပါတယ်။ ဗိုင်းရပ်စ်အရည်တွေက သင့်ဖိနပ်ပေါ်မှာ ရှိနေရင် သင့်ကိုလည်း ကူးစက်သွားနိုင်ပါတယ်။ ဘာကြောင့် ဖိနပ်တွေက ဘတ်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေအတွက် ပေါက်ဖွားရာနေရာဖြစ်ရခြင်း အခြားအကြောင်းအရင်းက အခြားအရာတွေထက် ဖိနပ်တွေက ဖုန်မှုန့်တွေ၊ ပိုးမွှားတွေနဲ့ ထိတွေ့မိတာပါပဲ။ ဗိုင်းရပ်စ်တွေက သင့်ဖိနပ်မှာ ပေါက်ဖွားနေရင် အိမ်ကို ပါလာနိုင်ပါတယ်။

သင့်နဲ့ သင့်မိသားစုကို ကာကွယ်ဖို့ ဗိုင်းရပ်စ်အန္တရာယ်ကနေ ကင်းဝေးဖို့ကြိုတင်ကာကွယ်မှုတွေ လုပ်ထားရင် အကောင်းဆုံးပါပဲ။

– အိမ်ထဲမဝင်ခင် ဖိနပ်ကို ချွတ်ပေးပါ။

– လူများတဲ့နေရာတွေမှာ ဝတ်ဆင်လာတဲ့ ဖိနပ်တွေကို ရေ၊ ဆပ်ပြာတို့နဲ့ လျှော်ဖွတ်ပေးပါ။

– အဝတ်လျှော်စက်နဲ့ အလျှော်ခံတဲ့ ဖိနပ်တွေကလည်း အဝတ်လျှော်စက်နဲ့မှ သန့်စင်သွားနိုင်ပါတယ်။

– ရေနဲ့ လျှော်မရတဲ့ သားရေနဲ့ အခြားပစ္စည်းတွေကို ပိုးသတ်ဆေးနဲ့ သုတ်ပေးရပါမယ်။

– သင့် အိမ်တံခါးဝရှေ့မှာ သန့်ရှင်းတဲ့ ဖိနပ်တစ်စုံကို ထားပြီး အပြင်ကပြန်လာတဲ့အခါ အိမ်ထဲမဝင်ခင် လဲပေးပါ။

ဗိုင်းရပ်စ်အန္တရာယ်ကင်းဝေးဖို့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီအချက်တွေကို လိုက်နာကြည့်သင့်ပါတယ်နော်။

Ref: Can Coronavirus spread through your shoes? Here is what you need to follow
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top