ရေအောက်ပြင်အောက် ရေငုပ်ရိုက်ကူးထားတဲ့ ဝေလငါးအရိုးစုဓာတ်ပုံက ရေအောက်အကောင်းဆုံး ဓာတ်ပုံဆု ဆွတ်ခူး

20.2.24-yyl-4.jpg

ဆွီဒင်ဓာတ်ပုံဆရာ အဲလက်စ်ဒေါ်ဆန်ဟာ ဝေလငါး အရိုးစုကို ကြည့်ရှုစစ်ဆေးနေတဲ့ ရေငုပ်သမားဓာတ်ပုံကြောင့် ၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ရေအောက်ဓာတ်ပုံဆရာဆု ဆွတ်ခူးခဲ့ပါတယ်။ ဝေလငါးအရိုးစုဓာတ်ပုံဟာ ကမ္ဘာတစ်ဝန်းက ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း ၆၅၀၀ ကျော်ကို ဖြတ်ကျော်ပြီး ဆုရခဲ့တာပါ။

” ဂရင်းလန်းကျွန်း ရေခဲပြင်အောက်မှာ အလွတ်ရေငုပ်သူက ဝေလငါးအရိုးစုကို သွားကြည့်နေတဲ့ပုံ ရိုက်ထားတာဖြစ်လို့ ဒီဓာတ်ပုံကို တကယ့်ခဲရာခဲဆစ် ရိုက်ကူးထားတာပါ။ ရေငုပ်သမားရဲ့ဝတ်စုံနဲ့ ဓာတ်မီးကြောင့် တခြားကမ္ဘာမှ အလည်ပတ်လာတဲ့ဂြိုဟ်သားတစ်ယောက်လိုမျိုး ခံစားရစေပါတယ်” လို့ အမှတ်ပေးဒိုင် အကြီးအကဲ မူစတက်က ဆိုပါတယ်။

ဒီပြိုင်ပွဲမှာ ခေါင်းစဉ် ၁၃ ခု ခွဲခြားထားပြီး ဗြိတိန်ရေပိုင်နက်အတွင်း ရိုက်ကူးတဲ့ ဓာတ်ပုံတွေအတွက် ဆု ၄ ဆု ပါဝင်ပါတယ်။ သံပခြုပ်တစ်ကောင်ကို ကြယ်ငါးတွေ ဝိုင်းနေတဲ့ ဓာတ်ပုံကြောင့် ဗြိတိန်ဓာတ်ပုံဆရာ ဂျင်နီစတော့က ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံး ဗြိတိန် ရေအောက်ဓာတ်ပုံဆရာဆု ဆွတ်ခူးခဲ့ပါတယ်။

Ref: Underwater Photographer of the Year 2024 winners

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top