အေစီမီလန်နဲ့ ပြန်ပေါင်းထုပ်မယ့် အီဘရာဟီမိုဗစ်

yyl-012-2.jpg

မေဂျာလိဂ်ကလပ် အယ်အေဂလက်ဇီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ အသင်းလက်မဲ့ ဖြစ်နေတဲ့ အီဘရာဟီမိုဗစ်ဟာ ပရီးမီးယားလိဂ် ကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ပြီး သူ့ရဲ့အသင်းဟောင်း အေစီမီလန်ကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ အသက် ၃၈ နှစ်ရှိတဲ့ မိုဗစ်ဟာ ၂၀၁၀-၂၀၁၁ ရာသီမှာ ဘာစီလိုနာကနေ အေစီမီလန်ကို အငှားလာရောက်ကစားခဲ့ပြီး နောက်ရာသီမှာ အေစီမီလန်ကို အပြီးသတ်ပြောင်းရွှေ့ကစားခဲ့သူပါ။

မိုဗစ်ဟာ အေစီမီလန်ရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ အင်တာမီလန်အသင်းမှာ ၃ ရာသီ ကစားခဲ့ဖူးပြီး ဂျူဗင်တပ်မှာလည်း ကစားခဲ့ဖူးပါတယ်။ မိုဗစ်ဟာ အေစီမီလန်ကို ပြောင်းဖို့ အကြမ်းဖျင်း သဘောတူညီမှု ရယူနိုင်ခဲ့ပြီး ကာလအတော်အတန် ကြာမြင့်မယ့် စာချုပ်မျိုး မချုပ်ဘူးဆိုရင်တောင် အနည်းဆုံးရာသီကုန်အထိ ပြောင်းရွှေ့ကစားဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply