ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူမှာမဟုတ်ဘူးလို့ မော်ရင်ဟို အတည်ပြု

yyl-011-2.jpg

စပို့တင်းလစ္စဘွန်းကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူမှာမဟုတ်ဘူးလို့ စပါးနည်းပြ မော်ရင်ဟိုက ယတိပြတ် ငြင်းဆန်ခဲ့ပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလတစ်ရပ်လုံး ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အသက် ၂၅ နှစ်ရှိတဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ မကြာသေးခင်က စပို့တင်းလစ္စဘွန်းအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပြီး အဲဒီစာချုပ်အရ သူ့ရဲ့ ထွက်ခွာခွင့် လျော်ကြေးက ပေါင် ၈၅ သန်း ရှိပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ဒီရာသီမှာ ၁၆ ပွဲ ကစားပြီး ၁၀ ဂိုးသွင်းယူထားသူပါ။ ”ကျွန်တော်တို့က ဈေးကွက်ထဲမှာ ငွေအရမ်းသုံးမယ့် အသင်းမဟုတ်ပါဘူး။ ထိပ်တန်းအဆင့် ရောက်ပြီးသား ကစားသမားတွေ၊ မျှော်လင့်ချက်ထားခံရမယ့် ကစားသမားမျိုးတွေကို မခေါ်ပါဘူး။ စီးပွားရေးအရ တွက်ချက်မှုလည်း ပါတာပေါ့။ ဘရူနိုဖာနန်ဒက်စ်ကို မခေါ်ဘူးလို့ သေချာပေါက်ပြောနိုင်ပါတယ်။ သူ့ခြေစွမ်းအဆင့်နဲ့ ပြောင်းရွှေ့ကြေးက ကျွန်တော်တို့ ခေါ်ရမယ့် ကစားသမားမျိုးမဟုတ်ပါဘူး”လို့ မော်ရင်ဟိုက ပြောပါတယ်။ ပိုချက်တီနိုနေရာမှာ အစားထိုးဝင်ရောက်ခဲ့တဲ့ မော်ရင်ဟိုဟာ စပါးအသင်းကို ပထမဆုံးကိုင်တွယ်တဲ့ ပွဲစဉ်(၃)ပွဲလုံး အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top