ပါတီမှားပြီးမဲပေးခဲ့လို့ ကိုယ့်လက်ညိုးကိုယ် ခုတ်ဖြတ်ခဲ့သူ

57267772_2336145453083028_5727457198385135616_n.jpg

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးဟာ ပါတီမှားပြီး မဲပေးခဲ့လို့ သူ့လက်ညိုးကို ဓားနဲ့ခုတ်ဖြတ်ခဲ့ပါတယ်။ ပါဝမ်ကူးမားဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်က ဘူလန်းရှာဟာခရိုင်မှာ မဲပေးခဲ့ပါတယ်။ သူက ဒေသဆိုင်ရာ ပါတီတစ်ခုကို မဲပေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ အာဏာရပါတီ Bharatiya Janata Party (BJP) ကို မှားပြီး မဲပေးမိခဲ့တာလို့ ထုတ်ပြောခဲ့ပါတယ်။

အဲဒီလိုထုတ်ပြောတာကို ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ မဲပေးတဲ့စက်ပေါ်က သင်္ကေတတွေကြောင့် ရှုပ်ထွေးသွားပြီး မှားယွင်းမဲပေးမိခဲ့တာလို့ ပါဝမ်ကူးမားက ပြောပါတယ်။

”ကျွန်တော်က ဆင်ကို (ပါတီအမှတ်တံဆိပ်ကို ဆိုလိုသည်) မဲပေးချင်တာပါ။ ဒါပေမဲ့ ပန်းကို မှားပြီး မဲပေးမိခဲ့တယ်”လို့ သူက ပြောပါတယ်။ မဲပေးပြီးသူတိုင်းရဲ့ လက်ညိုးတွေကို ဖျက်မရတဲ့မှင်နဲ့ အမှတ်အသားလုပ်ပြီး နောက်တစ်ကြိမ်ထပ်ပြီး မဲမပေးနိုင်အောင် စီစဉ်ထားလေ့ရှိပါတယ်။ ဒါဟာ အိန္ဒိယနိုင်ငံ အထွေထွေရွေးကောက်ပွဲရဲ့ ဒုတိယအဆင့် မဲပေးပွဲဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top