အသားရေနဲ့ဆံသားတို့ကို ကြည်လင်စိုပြေပြီး သန်စွမ်းလာစေချင်ရင်

yyl-036-13.jpg

Detox water တွေဟာ အခုခေတ်လူငယ်တွေကြားမှာ ခေတ်စားနေတဲ့သောက်စရာဖြစ်ပါတယ်။ Detox water ဆိုတာက အသီးအရွက်တွေနဲ့စိမ်ထားပြီး သောက်ရတဲ့ ရေတစ်မျိုးဖြစ်ပါတယ်။ Detox water ဘူးကြီးတစ်ဘူးကို နေ့တိုင်းသောက်ပေးမယ်ဆိုရင် ဇီဝဖြစ်စဉ်အားကောင်းလာစေပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့အပြင် ကိုယ်အလေးချိန်လည်းကျစေပါတယ်။ Detox water သောက်ပေးမယ်ဆိုရင် ကောင်းကျိုးများစွာရရှိနိုင်ပါတယ်နော်။ သင့်ကျန်းမာရေးအတွက်ကောင်းသလို အလှအပအတွက်လည်း ကောင်းတဲ့အရည်တစ်မျိုးဖြစ်ပါတယ်။

Detox water ကို ဘယ်လိုလုပ်မလဲ

ရေကရားတစ်ခုကိုယူပြီး အဲဒီအထဲကို အသီးတွေထည့်ပါ။ ရေကရားရဲ့လည်တိုင်နားရောက်တဲ့အထိ ရေထည့်ပေးပါ။ ရေခဲထည့်ချင်လည်း ထည့်လို့ရပါတယ်။ အဲဒီနောက်မှာ နာရီအနည်းငယ်လောက် ဒီအတိုင်းထားပြီးတဲ့နောက်မှာ သောက်သုံးလို့ရပါပြီ။ လူသောက်များတဲ့ detox water တချို့ကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ရပါတယ်။

ပန်းသီးနဲ့ သစ်ကြံပိုးခေါက်

(၂) လက်မရှိတဲ့ သစ်ကြံပိုးခေါက်ခွံ (၃) ခုကို ယူပြီး ရေကရားထဲထည့်လိုက်ပါ။ ပန်းသီးတစ်လုံးကို အဆင်ပြေသလိုလှီးပြီး ရေကရားထဲထည့်ပါ။ အဲဒီနောက် ရေထည့်ပြီး ရေခဲသေတ္တာထဲမှာ (၁) နာရီ (သို့) တစ်ညလုံး ထားလိုက်ပါ။ မနက်ခင်းကစပြီး သောက်ပေးလို့ရပါတယ်။

ပန်းသီးစိမ်းနဲ့ ပူစီနံ

Detox water လုပ်နည်းတွေက အတူတူပါပဲ။ ထည့်တဲ့အသီး၊ အရွက်တွေပဲ ကွာခြားသွားတာပါ။ ပန်းသီးအစိမ်းကို လှီးပြီး ပူစီနံနဲ့အတူ ရေကရားထဲကို ထည့်ပါ။ ရေထည့်လိုက်ပြီး (၁) နာရီလောက်ထားလိုက်ပါ။ ရေကုန်သွားရင် ရေထပ်ဖြည့်လို့ရပါတယ်။ ပန်းသီးစိမ်းနဲ့ပူစီနံတွေက ဂုဏ်သတ္တိများစွာ ပါဝင်တဲ့အတွက် အသားရေစိုပြေစေသလို ကိုယ်အလေးချိန်ကျအောင်လည်း စွမ်းဆောင်ပေးနိုင်ပါတယ်။

ကီဝီ၊ သခွားသီးနဲ့ ပူစီနံ

ကီဝီ (၁) လုံး၊ သခွားသီးအလတ်စား (၁) လုံးတို့ကို လှီးပြီး ရေကရားထဲကို ထည့်လိုက်ပါ။ ပူစီနံကို ချေမွပြီး ထည့်လိုက်ပါ။ အဲဒီနောက် ရေထည့်ပြီး (၂) နာရီလောက်ထားလိုက်ပါ။ ဒီ detox water က လေအောင့်တာတွေအတွက် ကောင်းမွန်သလို ဗီတာမင်စီကြွယ်ဝတဲ့သခွားသီးက အသားရေကြည်လင်စေပြီး ဆံပင်သန်လာအောင်လည်း ကူညီပေးနိုင်ပါတယ်။

နာနတ်သီးdetox water

နာနတ်သီးက ခန္ဓာကိုယ်ရောင်ရမ်းမှုကို သက်သာအောင်ကူညီပေးနိုင်တဲ့ အင်ဇိုင်းဓာတ်ကြွယ်ဝပါတယ်။ နာနတ်သီးကို အတုံးလေးတွေလှီးပြီး ရေကရားထဲထည့်ပြီးနောက် ရေခဲသေတ္တာထဲမှာ တစ်ညလုံးထားလိုက်ပါ။ ဖျားနာပြီးတဲ့သူတွေလည်း သောက်ရင် ကောင်းပါတယ်။

စတော်ဘယ်ရီ နဲ့ လိမ္မော်သီး

ဒီအသီးနှစ်မျိုးလုံးကို ပါးပါးလေးတွေလှီးပြီး ရေကရားထဲထည့်ကာ ရေစိမ်ထားလိုက်ပါ။ ပူစီနံလည်း ထည့်လို့ရပါတယ်။ တစ်ညလုံး စိမ်ထားလိုက်ပြီး မနက်ရောက်တဲ့အခါ ပျားရည်(၁) ဇွန်းထည့်သောက်လိုက်ပါ။ ဒီအရည်က ခွန်အားတိုးစေသလို ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ဒီအရည်က အလှအပအနေနဲ့ဆိုရင် အသားရေကြည်လင်စိုပြေစေသလို ဆံပင်သန်စွမ်းလာစေနိုင်ပါတယ်။

Ref: These detox drinks will give you healthy skin and hair

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top