ပြင်းအား ၆.၄ ရှိ မြေငလျင် တစ်ခု ဖိလပိုင် တောင်ပိုင်းအရပ်၌ ဖြစ်ပေါ်ခဲ့

yyl-004-9.jpg

စက်တင်ဘာလ ၂၉ရက်နေ့တွင် ပြင်းအား ၆.၄ မဂနီကျုရှိ မြေငလျှင် တစ်ခု ဖိလစ်ပိုင် နိုင်ငံ တောင်ပိုင်း Davao Occidental ဒေသတွင် ဗဟိုပြု၍ လှုပ်ခတ်သွားခြင်း ဖြစ်သည်။ ထိုမြေငလျှင် လှုပ်ခတ်မှုသည် အင်ဒိုနီးရှား နိုင်ငံ မြောက်ဘက်ပိုင်း Sulawesi ဒေသ ထိ ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

မြေငလျင်သည် နှစ်နိုင်ငံ နယ်စပ်အနီးအနားတွင် ရိုက်ခတ်ခဲ့သည် ဖြစ်သည် ဟု အင်ဒိုနီးရှား နိုင်ငံ Meteorology and Geophysics Agency မှာ အရာရှိ Mr. Widyatmoko မှ ဆိုသည်။ မြေငလျင်သည် ၆.၇ မဂနီကျု ဖြင့် အစပြုခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီးရှား နိုင်ငံသည် Pacific Ring of Fire ဟုခေါ်သည့် ငလျင်ကြောပေါ်တွင် တည်ရှိနေခြင်းကြောင့် ယခု ငလျင်လှုပ်ခတ်မှု အပေါ်တွင် အများပြည်သူ စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မြေငလျင်လှုပ်ခတ်ပြီး နောက်ပိုင်း စူနာမီ ဖြစ်ပေါ်နိုင်ခြင်း လက္ခဏာများ တွေ့ရခြင်း မရှိဟု Agency မှ ထုတ်ပြန်ခဲ့သည်။

ထိုငလျင် မလှုပ်ခတ်မည် ရက်ပိုင်းအတွင်း၌ပင် အင်ဒိုနီးရှား အရှေ့ပိုင်း Ambon ဒေသတွင် ၆.၅ ပြင်းအားရှိ မြေငလျင် လှုပ်ခတ်ခဲ့ရာ လူအယောက်သုံးဆယ် သေဆုံးခဲ့ပြီး ၁၅၆ ယောက် ဒဏ်ရာရရှိကာများစွာသော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့သည် ဟု အင်ဒိုနီးရှားနိုင်ငံ အမျိုးသားသဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီမှု ထုတ်ပြန်ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ institute of Volcanology and Seismology ၏ထုတ်ပြန်ချက် အရ ဖိလစ်ပိုင် နိုင်ငံ Davao Occidental ဒေသတွင် လှုပ်ခတ်ခဲ့သော ၆.၄ ပြင်းအားရှိ မြေငလျင်သည် အနက် ၆၀ ကီလိုမီတာ၌ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top