အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံကြောင်းပြသလိုက်တဲ့ ချဲလ်ဆီး

3-6-2020-yyl-004.jpg

အမေရိကန်နိုင်ငံမှာ ရဲအရာရှိကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားတစ်ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်အပေါ် နာကျည်းခံပြင်းပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ(Black Lives Matter)ကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ချဲလ်ဆီးအသင်း ကစားသမားတွေက ကော့ဟမ်းလေ့ကျင့်ရေးကွင်းမှာ ဒူးတစ်ဖက်ထောက်တဲ့ပုံစံ သရုပ်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ချဲလ်ဆီးအသင်း ကစားသမားတွေက လူသား(Human)ကို ရည်ညွှန်းပြီး ဒူးတစ်ဖက်ထောက်လျက် အနေအထားနဲ့ H အက္ခရာပုံစံ ပုံဖော်ခဲ့ကြပါတယ်။ ချဲလ်ဆီးဂိုးသမား ကီပါက ” တော်လောက်ပါပြီ။ ကျွန်တော်တို့အားလုံး လူသားတွေပါ။ ကျွန်တော်တို့ စည်းလုံးနေရင် အင်အားပိုတောင့်တင်းပါတယ်။ လူမည်းတွေလည်း အသက်နဲ့ပါ(#BlackLivesMatter)”လို့ တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

နယူးကာဆယ်အသင်း ကစားသမားတွေကလည်း လေ့ကျင့်ရေးကွင်း ကွင်းလယ်စက်ဝိုင်းမှာ ဒူးတစ်ဖက်ထောက်တဲ့ပုံ ဓာတ်ပုံရိုက်ပြီး #UnitedAsOne လို့ တွစ်တာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ နယူးကာဆယ်အသင်းတွေ မတိုင်ခင် လီဗာပူးအသင်းကလည်း အန်ဖီးလ်ကွင်းမှာ အလားတူပုံစံ လုပ်ခဲ့ပြီး မန်ယူကစားသမားတွေဖြစ်တဲ့ ပေါ့ဘာ၊ ရက်ရှ်ဖို့ဒ်တို့ကလည်း လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top