COVID-19 ရောဂါကြောင့် အသားအရောင် ပြောင်းလဲသွားတဲ့ တရုတ်ဆရာဝန် သေဆုံး

3-6-2020-yyl-003.jpg

COVID-19 ရောဂါကြောင့် အသားအရောင် ပြောင်းလဲသွားခဲ့တဲ့ တရုတ်ဆရာဝန် သေဆုံးခဲ့တဲ့အတွက် တရုတ်အာဏာပိုင်တွေအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဆီးနဲ့ ကျောက်ကပ်ရောဂါ ကုသပေးတဲ့ ဆရာဝန် ဟူဝေဖုန်းဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ဗဟိုဆေးရုံကြီးမှာ တာဝန်ကျသူပါ။ သူဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီး အဲဒီရောဂါကို ၄ လကြာ အံ့တုရင်ဆိုင်ခဲ့ပြီးနောက် ဇွန်လ ၂ ရက်နေ့က ကွယ်လွန်သွားခဲ့တာပါ။ ပြီးခဲ့တဲ့မတ်လမှာ COVID-19 ရောဂါ ကုသမှုခံယူနေတုန်း အသည်း အလုပ်မလုပ်တော့လို့ ဟူဝေဖုန်းရဲ့ အသားအရေဟာ အနက်ရောင်ပြောင်းလဲသွားတဲ့သတင်းက ခေါင်းကြီးသတင်း ဖြစ်ခဲ့ဖူးပါတယ်။

ဟူဝေဖုန်း သေဆုံးခဲ့တဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးပေမဲ့ သူ့ရဲ့နာရေးသတင်းကြောင့် တရုတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒေါသထွက်ကြောင်း ရေးသားဖော်ပြမှု တော်တော်များများ ရှိခဲ့ပါတယ်။ ဟူဝေဖုန်းဟာ ရောဂါကူးစက်ခံရပြီး ၂ လအတွင်း ဆေးရုံတစ်ခုပြီးတစ်ခုမှာ ပြောင်းလဲကုသခဲ့ရပြီး မတ်လအလယ်မှာ တိုးတက်မှုရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ဧပြီလနှောင်းပိုင်းနဲ့ မေလမှာ ဦးနှောက်သွေးယိုစိမ့်မှုခံစားခဲ့ရတယ်လို့ သိရပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top