အူဘာမီယန်းကို လျှော့ဈေးနဲ့မရောင်းဘဲ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်ထားမယ့် အာဆင်နယ်

3-6-2020-yyl-005.jpg

အာဆင်နယ်အသင်းကတော့ အသင်းခေါင်းဆောင် အူဘာမီယန်းကို လျှော့ဈေးနဲ့ရောင်းထုတ်မယ့်အစား စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ အသင်းမှာဆက်ထားသွားဖို့ရှိနေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ ဇွန်လ ၁၈ ရက်မှာ အသက် ၃၁ နှစ်ပြည့်မယ့် အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၂၀၀၀၀၀ ရရှိနေသူဖြစ်ပြီး သူ့ရဲ့လက်ရှိစာချုပ်က လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့ စာချုပ်သက်တမ်းတိုးရေး ဆွေးနွေးမှုတွေ မလုပ်နိုင်သေးလို့ အာဆင်နယ်က သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခွင့်ပေးရဖွယ်ရှိနေပါတယ်။ အာဆင်နယ်ဟာ ရမ်ဆေး၊ ဝီလ်ရှီးယား၊ ဝဲလ်ဘတ် အစရှိတဲ့ ကစားသမားတွေကိုလည်း စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခွင့်ပေးခဲ့ရပါတယ်။

အဲဒီအတွက် အာဆင်နယ်အသင်း ဘောလုံးရေးရာ အကြီးအကဲ ဆန်လီဟီက ဘယ်ကစားသမားကိုမျှ အလွတ်ပြောင်းရွှေ့ခွင့်ပေးမှာမဟုတ်ဘူးလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ဆို့မှုတွေ လုပ်ထားချိန်မှာ အပြောင်းအရွှေ့ဈေးကွက် အေးစက်သွားဖွယ်ရှိနေလို့ လာမယ့်နွေရာသီမှာ အဲဒီမူဝါဒကို ဖြေလျှော့ဖို့ ရှိနေပါတယ်။ အူဘာမီယန်းအတွက် ပေါင်သန်း ၂၀ နဲ့အထက် ကမ်းလှမ်းမှုရှိမလာခဲ့ရင် သူ့ကို စာချုပ်သက်တမ်းကုန်တဲ့အထိ အသင်းမှာ ဆက်ထားဖို့ ရှိနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top