ဆင်းရဲသားမိသားစုက မိန်းကလေးငယ်အတွက် ကျောင်းနေ့လယ်စာကြေး ကူညီပေးခဲ့တဲ့ အင်တာမီလန်ကွင်းလယ်လူ

s2.jpg

ဆင်းရဲသားမိသားစုက မိန်းကလေးငယ်အတွက် ကျောင်းနေ့လယ်စာကြေး ကူညီပေးခဲ့တဲ့ အင်တာမီလန်ကွင်းလယ်လူ ကန်ဒရီဗာကတော့ ရွှေရောင်နှလုံးသားပိုင်ရှင်လို့ ဂုဏ်ပြုခံနေရပါတယ်။ မိုင်နာဘီမြို့ မူလတန်းကျောင်းမှာ ပညာသင်နေတဲ့ ရွှေ့ပြောင်းနေထိုင်သူ မိသားစုဝင် မိန်းကလေးငယ်ဟာ တခြားကျောင်းသူတွေ စားသလို နေ့လယ်စာမျိုး မစားရဘဲ တူနာငါးနဲ့ သကြားကပ်မုန့်ကြွပ်တွေပဲ စားနေရလို့ ငိုကြွေးခဲ့ရတယ်လို့ အီတလီမီဒီယာတစ်ခုက ဖော်ပြပါတယ်။

အဲဒီနောက်မှာတော့ ကန်ဒရီဗာက ကျောင်းနေ့လယ်စာကြေး ပေးနိုင်ဖို့ မိန်းကလေးငယ်ရဲ့မိဘတွေကို ကူညီဖို့ အသင့်ပဲလို့ မိုင်နာဘီမြို့တော်ဝန်ထံ ဆက်သွယ်ခဲ့ပါတယ်။ မိုင်နာဘီမြို့တော်ဝန်က ရွှေ့ပြောင်းနေထိုင်သူတွေကို ဆန့်ကျင်တဲ့ ပါတီက ဖြစ်ပါတယ်။ ကျောင်းနေ့လယ်စာကြေး ပုံမှန်ပေးသွင်းသူတွေကို တူနာငါးနဲ့ သကြားကပ်မုန့်အချိုကျွေးတာလို့ မိုင်နာဘီမြို့တော်ဝန်က ပြောပါတယ်။

ဒါပေမဲ့ တချို့ကလေးတွေက ပါစတာနဲ့ နောက်ထပ်ဟင်းပွဲတစ်ပွဲ စားရချိန်မှာ ရွှေ့ပြောင်းနေထိုင်သူ မိသားစုဝင် မိန်းကလေးငယ်က တူနာငါးနဲ့ သကြားကပ်မုန့်အချိုပဲ စားရတာလို့ သတင်းတွေက ဖော်ပြပါတယ်။ ဒီသတင်း ပျံ့နှံ့သွားပြီးချိန်မှာ တခြား ရွှေ့ပြောင်းနေထိုင်သူ ဆင်းရဲသားမိသားစုတွေက ကလေးငယ်တွေလည်း အလားတူအခြေအနေမျိုး ကြုံရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top