တရုတ်နိုင်ငံက ပြည်ပခရီးသည်ဝင်ရောက်မှု ပိတ်ပင်

yyl-chinese-closed.jpg

ပြည်ဝင်ခွင့် ဒါမှမဟုတ် နေထိုင်ခွင့် ရရှိထားသူတွေအပါအဝင် နိုင်ငံခြားသား အားလုံးကို တရုတ်နိုင်ငံက လာရောက်ခွင့် ယာယီပိတ်ပင်လိုက်ပါပြီ။ ၃ ရက်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ မတ်လ ၂၇ ရက်က တရုတ်နိုင်ငံမှာ ပြည်တွင်းနေထိုင်သူတစ်ယောက်ကို COVID-19 ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံမှာ ထပ်တိုးတွေ့ရှိရတဲ့ COVID-19 လူနာအများစုက ပြည်ပကနေ ဝင်ရောက်လာသူတွေဖြစ်ပါတယ်။

တရုတ်အာဏာပိုင်တွေက တရုတ်လေကြောင်းလိုင်းတွေနဲ့ နိုင်ငံခြားလေကြောင်းလိုင်းတွေကို တစ်ပတ်မှာ တစ်ကြိမ်ပဲ ပြေးဆွဲခွင့်ပေးခဲ့ပြီး လေကြောင်းခရီးစဉ်တွေမှာလည်း သတ်မှတ်ထားတဲ့ ခရီးသည်ပမာဏရဲ့ ၇၅ ရာခိုင်နှုန်းကျော်အောင် တင်ဆောင်ခွင့်မရှိဘူးလို့ ကန့်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က တရုတ်နိုင်ငံတစ်ဝန်းမှာ COVID-19 ကူးစက်ခံထားရတယ်လို့ ထပ်တိုးတွေ့ရှိတဲ့ လူနာ ၅၅ ယောက်ရှိတဲ့အနက် ၅၄ ယောက်က ပြည်ပကနေ ဝင်ရောက်လာသူတွေဖြစ်ပါတယ်။

ပြည်ပကနေ ဝင်ရောက်လာသူတွေကို ဆိုင်းငံ့မှုမှည သံတမန်တွေနဲ့ စီဗီဇာ (C Visa – လေယာဉ်အမှုထမ်းများရရှိသည့် ဗီဇာ)ရရှိထားသူတွေ မပါဝင်ပါဘူး။ အရေးပေါ် လူသားချင်းစာနာ ထောက်ထားမှုအကူအညီ လိုအပ်နေသူတွေနဲ့ လုပ်ငန်းခွင်တချို့တွင် အလုပ်လုပ်နေသူများအနေနဲ့ ခြွင်းချက် လျှောက်ထားခွင့်ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top