ကြည့်ရှုခံစား ဆုရ ရေအောက်ဓာတ်ပုံများ

yyl-019-9.jpg

အခုဖော်ပြပေးထားတဲ့ ဓာတ်ပုံတွေကတော့ ၂၀၂၀ ပြည့်နှစ်အတွက် တစ်နှစ်တာအကောင်းဆုံးဆုရ ရေအောက်ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ဆုအမျိုးအစား(၁၃)မျိုးအတွက် နိုင်ငံပေါင်း ၇၀ မှာရှိတဲ့ ရေအောက်ဓာတ်ပုံဆရာတွေက ရေအောက်ဓာတ်ပုံ ၅,၅၀၀ ကျော် ပေးပို့ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ပြင်သစ်ဓာတ်ပုံဆရာ ဂရက်လီကူး(Greg Lecoeur)က Frozen Mobile Home လို့ အမည်ပေးထားတဲ့ ဓာတ်ပုံနဲ့အတူ Underwater Photographer of the Year 2020 ဆု ဆွတ်ခူးခဲ့ပါတယ်။ အန ္တာတိကတိုက်က ရေခဲတုံးဘေးမှာ ဖျံတွေ ကူးခတ်နေပုံကို ရိုက်ကူးထားတာပါ။

သြစတြီးယားဓာတ်ပုံဆရာ အနီတာကိန်းရက်က Shark Nursery ဓာတ်ပုံနဲ့အတူ Up & Coming Underwater Photographer of the Year ဆု ဆွတ်ခူးခဲ့ပါတယ်။ ဘဟားမားကျွန်းနိုင်ငံရဲ့ လမုတောတွေထဲမှာ လီမွန်ငါးမန်းသားပေါက်လေးတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်။

အီတလီဓာတ်ပုံဆရာ ဗက်ဆာလိုက Last Dawn, Last Gasp ဓာတ်ပုံနဲ့အတူ Marine Conservation Photographer ဆု ဆွတ်ခူးခဲ့ပါတယ်။ အီတလီနိုင်ငံ နေပယ်ကမ်းလွန်ဘက်မှာ ပိုက်ထဲမိနေတဲ့ တူနာငါးတစ်ကောင်ပုံကို ရိုက်ကူးထားတာပါ။

အင်ဒိုနီးရှားနိုင်ငံမှာ ရိုက်ကူးထားတဲ့ Rabbitfish Zoom Blur ဓာတ်ပုံနဲ့ ဗြိတိန်ဓာတ်ပုံဆရာ နစ်မိုးက British Underwater Photographer of the Year ဆု ဆွတ်ခူးခဲ့ပါတယ်။

ရေနဂါးတစ်ကောင်ပုံကို ရိုက်ကူးထားတဲ့ Commotion in the Ocean ဓာတ်ပုံနဲ့အတူ ဗြိတိန်ဓာတ်ပုံဆရာ နာတက်ကာက Most Promising British Underwater Photographer ဆု ဆွတ်ခူးခဲ့ပါတယ်။

ဗြိတိန်ဓာတ်ပုံဆရာ ဇီနာဟော်လိုဝေးဟာ မက္ကဆီကိုနိုင်ငံ ယူကာတန်ကျွန်းဆွယ်မှာ ရေငုပ်နေတဲ့ ဘရာဇီးနိုင်ငံသူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူ ဖလာဗီယာအီဘာဟတ်ရဲ့ ဓာတ်ပုံနဲ့အတူ Black and White အမျိုးအစားအတွက် ဆုရခဲ့ပါတယ်။

အမေရိကန် အမျိုးသမီးဓာတ်ပုံဆရာ ကာပေါ့ဇိုလာဟာ ဆော်ဒီနိုင်ငံက ဂျော်ဂျီယို့စ်သဘောင်္ပျက်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ အပျက်အစီးအမျိုးအစားမှာ ဆုရခဲ့ပါတယ်။ ဂျော်ဂျီယို့စ်သင်္ဘောဟာ ၁၉၇၈ ခုနှစ်ကတည်းက သောင်တင်ခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ သန ္တာကျောက်တန်းအတုတစ်ခုလို ဖြစ်နေပါပြီ။

ဂျပန်နိုင်ငံသား ဓာတ်ပုံဆရာ ကာဝါမူရာဟာ ဂျပန်နိုင်ငံမှာ ပုစွန်စိပ်တွေကို ရိုက်ကူးထားတဲ့ ဓာတ်ပုံနဲ့အတူ Macro အမျိုးအစားမှာ ဆုရခဲ့ပါတယ်။

ဗြိတိန်နိုင်ငံ ရှက်လန်းကျွန်းစုမှာ မီးရှူးမီးပန်းတစ်ခုလို ပွင့်ကားဖြာထွက်နေတဲ့ အနေမိုနေပန်းပွင့် ဓာတ်ပုံနဲ့အတူ ဗြိတိန်ဓာတ်ပုံဆရာ ထရီဗာရီးက British Waters Wide Angle ဆု ရခဲ့ပါတယ်။

ပိုလာကျွန်းစုထဲက ပီလီလျူကျွန်းမှာ ဂဏန်းတစ်ကောင်က စွန့်ပစ်ထားတဲ့ သံဘူးတစ်ခုကို ယာယီအိမ်အဖြစ် ဝင်နေတဲ့ ဓာတ်ပုံကတော့ Conservation အမျိုးအစားမှာ ဆုရခဲ့ပါတယ်။ ဒီဓာတ်ပုံကို အမေရိကန်ဓာတ်ပုံဆရာ ရှိန်းကီးနာက ရိုက်ကူးခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top