”နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကျင်းပသွားမယ်

18-9-2020-yyl-023-1.jpg

ရန်ကုန် စက်တင်ဘာ ၁၈

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လူငယ်တွေ တက်ကြွစွာပါဝင်လာစေဖို့အတွက် ”နိုးကြားတက်ကြွ ၂၀၂၀ မှာ မဲပေးကြ” ဂီတဖန်တီးမှုပြိုင်ပွဲကြီးကို တစ်နိုင်ငံအတိုင်းအတာအနေနဲ့ ကျင်းသွားမယ်လို့ ဒီအစီအစဥ်ရဲ့ Program Director တစ်ဦးဖြစ်သူ ဒေါ်ခင်သူသူက အသိပေးလိုက်ပါတယ်။

”ပထမဆုံးအကြိမ်မဲပေးရမယ့် မဲဆန္ဒရှင်လူငယ်တွေ တက်ကြွစွာ ပါဝင်လာစေဖို့အတွက် ရှေ့ဆောင်လမ်းပြ အဖြစ် တိုက်တွန်းနှိုးဆော်လိုတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ အားလုံးပူးပေါင်းပါဝင်လို့ ရတဲ့ အလေ့အထကိုလည်း ပညာပေးချင်တယ်”လို့ သူမက ပြောပါတယ်။

ဒီပြိုင်ပွဲမှာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့သူအားလုံး ဝင်ရောက်ယှဥ◌်ပြိုင်နိုင်ပြီးတော့ ပြိုင်ပွဲဝင် သီချင်းတွေကို အကဲဖြတ်ဒိုင် ၃ ဦးဖြစ်တဲ့ ဥက္ကာဦးသာ၊ Ar-T၊ မိစန္ဒီတို့က စိစစ်သွားမှာပါ။ အဲဒီသီချင်းတွေထဲကမှ စကာတင်သီချင်း ၁၀ ပုဒ်ကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်။
”သီချင်းစာသားရဲ့ ဖွဲ့စည်းပုံက ဘယ်လောက်အားကောင်းလဲ၊ သီချင်းပုံစံက လူတွေအပေါ်ကို ဘယ်လောက် ဆွဲဆောင်နိုင်သလဲပေါ်မှာ ခြုံငုံပြီးတော့ အမှတ်ပေးသွားမှာဖြစ်ပါတယ်။ အကဲဖြတ်မယ့်ပုံစံကတော့ နိုင်ငံတကာ ဂီတ ပြိုင်ပွဲတွေပုံစံပါပဲ”လို့ ဥက္ကာဦးသာက ပြောပါတယ်။

ဂီတအမျိုးအစားခွဲခြားထားတာမရှိတဲ့အတွက် ဘယ်အမျိုးအစားနဲ့မဆို ဝင်ရောက်ယှဥ◌်ပြိုင်နိုင်ပြီးတော့ ပါဝင် ယှဥ်ပြိုင်မယ့်သီချင်းစာသားကတော့ ကိုယ်တိုင်ရေးထားတဲ့သီချင်းဖြစ်ရမယ့်အပြင် လူငယ်တွေကို ဆန္ဒမဲပေးကြဖို့ အားပေးထားတဲ့သီချင်းမျိုးလည်း ဖြစ်ရပါမယ်လို့ ဒေါ်ခင်သူသူက ဆိုပါတယ်။

”တီးဝိုင်းမရှိတဲ့သူတွေအတွက်လည်း သင့်တော်တဲ့နောက်ခံတေးသံနှစ်မျိုးကို စီစဥ◌်ပေးထားပါတယ်။ ဒါကို အသုံးပြပြီးတော့လည်း ဝင်ရောက်ယှဥ်ပြိုင်လို့ရပါတယ်။ ဆုကတော့ အခုလောလောဆယ် အသိမပေးသေးပါဘူး။ ငွေသားဆုကတော့ ပေးသွားမှာမဟုတ်ဘူး”လို့ သူမက ပြောပါတယ်။

ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်လိုသူတွေအနေနဲ့ ပြိုင်ပွဲဝင်လျှောက်လွှာတွေကို http://bit.ly/tutv2020 ကနေ တင်သွင်းရမှာပါ။ ပြိုင်ပွဲဝင်လျှောက်လွှာတွေကို စက်တင်ဘာ ၁၆ ရက်ကနေ စတင်လက်ခံနေပြီးတော့ အောက်တိုဘာ ၉ ရက်နေ့မှာ ဖောင်တင်သွင်းခွင့်ပိတ်သွားမှာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပထမအကြိမ် မဲပေးရမယ့် အသက် ၁၈ နှစ်ပြည့်ပြီးသူ လူငယ် ၅ သန်းကျော်ရှိပြီးတော့ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်အတွင်း လူဦးရေက နိုင်ငံရဲ့ လူဦးရေအချိုးနဲ့ယှဥ်ရင် ၅ ပုံ ၁ ပုံရှိနေတဲ့အတွက် ရွေးကောက်ပွဲရဲ့ အရေးပါတဲ့ အသက်အပိုင်းအခြားအုပ်စုထဲမှာရှိနေပါတယ်။

အခုပြိုင်ပွဲကို International Foundation for Electoral Systems(IFES)မှ ဦးဆောင်ပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ကူညီပံ့ပိုးမှုနဲ့အတူ လူမှုရပ်ဝန်းပြောင်းလဲတိုးတက်ရေးဖန်တီးမှုအေဂျင်စီ ဖြစ်တဲ့ Love Frankie က အကောင်အထည်ဆောင်ရွက်တာလို့ သိရပါတယ်။

Photo – First Time Youth Voters for 2020

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top