နှစ် ၇၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ခြေချောင်းတော်ကို ရေခ

20-8-2020-yyl-010.jpg

တရုတ်နိုင်ငံမှာ ရေကြီးရေလျှံမှုဖြစ်ပွားလို့ ၁၉၄၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လုရှန်ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ခြေချောင်းတော်အထိ ရေခခဲ့ပါတယ်။ ဉာဏ်တော်အမြင့် ၇၁ မီတာရှိတဲ့ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ကြီးကို အေဒီရှစ်ရာစုဝန်းကျင်က စီချွမ်ပြည်နယ်မှာရှိတဲ့ ကျောက်ဆောင်မျက်နှာပြင်ကို ထွင်းထုပြီး တည်ထားကိုးကွယ်ခဲ့တာပါ။ ယူနက်စ်ကိုရဲ့ အမွေအနှစ်စာရင်းဝင်တဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ဘေးမှာ ယန်ဇီမြစ်က ဖြတ်သန်းစီးဆင်းနေပေမဲ့ ပုံမှန်အားဖြင့် ရေခခံရလေ့မရှိပါဘူး။ အခုချိန်မှာတော့ နှစ် ၇၀ အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှု ကြုံတွေ့ခဲ့လို့ ခြေချောင်းတော်ကို ရေခခဲ့တာပါ။

အဲဒီဒေသတစ်ဝိုက်မှာနေထိုင်တဲ့ လူ ၁၀၀,၀၀၀ ကျော်ကို ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ရေမျက်နှာပြင် မြင့်တက်လာတဲ့အတွက် ဗုဒ္ဓရုပ်ပွားတော် ကိန်းဝပ်စံပယ်ရာနေရာကနေ ကမ္ဘာလှည့်ခရီးသည် ၁၈၀ ကို ကယ်ဆယ်ခဲ့ရတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။ လုရှန်ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ခြေချောင်းတော်ဟာ လူတစ်ရပ်ထက် ပိုမြင့်ပြီး ၁၉၄၉ ခုနှစ်တုန်းက နောက်ဆုံးအကြိမ် ရေခခဲ့တာပါ။

လုရှန်ဗုဒ္ဓရုပ်ပွားတော်ရဲ့ ခြေချောင်းတော်တွေ ရေခရင် အဲဒီဒေသတစ်ခုလုံး ရေမြုပ်မယ်လို့ ဆိုရိုးစကားရှိကြောင်း ရှင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေမျက်နှာပြင် စံချိန်တင်မြင့်တက်ခဲ့လို့ စီချွမ်ပြည်နယ်မှာ အရေးပေါ်တုံ့ပြန်လှုပ်ရှားမှုကို အမြင့်ဆုံးအဆင့်အထိ တိုးမြှင့်ထားရပြီး ရေကြီးရေလျှံမှုတွေက သိပ်မကြာခင် ရပ်တန့်သွားမယ့် အရိပ်အယောင် မတွေ့ရသေးပါဘူး။

ယန်ဇီမြစ်ပေါ်မှာ တည်ဆောက်နေတဲ့ မဟာရေအားလျှပ်စစ်စီမံကိန်းဖြစ်တဲ့ Three Gorges ဆည် အနောက်ဘက်မှာ ရေထုထည်ပမာဏ အရမ်းများပြားနေပြီလို့ တရုတ်အရာရှိတွေက သတိပေးထားပါတယ်။

Ref: BBC ” China record floods wet feet of Leshan Giant Buddha”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top