ကျောက်ဆောင်တွေပေါ်မှာ အမှိုက်လိုက်ကောက်ရတဲ့ ပင့်ကူလူသား သန့်ရှင်းရေးဝန်ထမ်းများ

7-5-2020-yyl-028.jpg

ဒီပုံကို ရုတ်တရက်ကြည့်လိုက်ရင် လူစွန့်စားတစ်ယောက် တောင်တက်နေသလားလို့ ထင်မိကြမှာပါ။ တကယ်တော့ သူက အမှိုက်ကောက်နေတာပါ။ တရုတ်နိုင်ငံရဲ့ နာမည်ကျော် ကျန်းကျားကျီသဘာဝဥယျာဉ်ထဲက ကျောက်ဆောင်တွေပေါ်မှာ ဧည့်သည်တွေ စွန့်ပစ်ခဲ့တဲ့ အမှိုက်တွေကို လိုက်ကောက်နေတာပါ။ သူတို့တွေကို ” ပင့်ကူလူသား သန့်ရှင်းရေးသမားများ”လို့ ခေါ်ကြပါတယ်။ ဆိုင်းကြိုးတွေတပ်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ သန့်ရှင်းရေးဝန်ထမ်းဟာ မြေပြင်အထက် ပေ ၄၆၀၀ အကွာမှာရှိတဲ့ ကျောက်ဆောင်ပေါ်က သစ်ပင်ကို ကိုင်ဆွဲရင်း သက်စွန့်ဆံဖျား အမှိုက်ကောက်နေတာ တွေ့ရမှာပါ။ သန့်ရှင်းရေးဝန်ထမ်းက ယန်ဖိန့်ရွဲ့လို့ အမည်ရပြီး နေ့စဉ်နေ့တိုင်း မှန်တံတားအောက်ဘက် ပေ ၃၃၀ အကွာမှာရှိတဲ့ ကျောက်ဆောင်ပေါ်မှာ အမှိုက်လိုက်ကောက်ရပါတယ်။

တောင်ရဲ့ဘေးဘက်ခြမ်းမှာ နဂါးတစ်ကောင်လို ပတ်ထားတဲ့ နဂါးပတ် ကောင်းကင်လျှောက်လမ်း မှန်တံတားဟာ ပေ ၃၀၀ ရှည်လျားပြီး ၅ ပေကျယ်ဝန်းပါတယ်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ မှန်တံတားဟာ အောက်ဘက်တောင်ကြားထဲကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရလို့ ဧည့်သည်တွေအတွက် ရင်သပ်ရှုမောစရာ ဖြစ်စေပါတယ်။

တရုတ်နိုင်ငံမှာ အသွားအလာကန့်သတ်မှု စည်းမျဉ်းတွေ ဖယ်ရှားပြီးနောက်ပိုင်း ပထမဆုံး ကျရောက်တဲ့ အမျိုးသားအားလပ်ရက်( မေဒေးနေ့)က ကောင်းကင်ဘုံဂိတ်တံခါးတောင်(တိန့်အန်းမင်တောင်လို့လည်း ခေါ်ဆို) ပေါ်မှာ သန့်ရှင်းရေးဝန်ထမ်း သက်စွန့်ဆံဖျား အမှိုက်ကောက်နေတဲ့ ဗီဒီယိုကို ရိုက်ကူးထားတာပါ။ မေလ ၁ ရက်ကနေ မေလ ၅ ရက်အထိ ကြာမြင့်ခဲ့တဲ့ မေဒေးနေ့ အားလပ်ရက်ကာလအတွင်း တိန့်အန်းမင်တောင်ကို ဧည့်သည် ၅၃,၈၁၉ ယောက် လာရောက်ခဲ့တယ်လို့ တရားဝင်ကိန်းဂဏန်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် မေဒေးအားလပ်ရက်မှာ တစ်ရက်လာရောက်သူ ပမာဏသာသာပဲ ရှိပါတယ်။

Ref: Dailymail “China spider-man cleaner picks litter vertical cliff face”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top