တရုတ်နိုင်ငံက ချင်းတောင်မြို့တစ်မြို့လုံးကို (၅) ရက်အတွင်း ကိုဗစ်ရောဂါပိုးစစ်ဆေးသွားမယ်

12-10-2020-yyl-027.jpg

တရုတ်နိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ချင်းတောင်မြို့(Qingdao)က လူ (၉) သန်းကျော်ကို (၅) ရက်တည်းနဲ့ ကိုဗစ်ရောဂါပိုးစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရပ်ခြားက ရောက်ရှိလာတဲ့လူတွေနဲ့ ထိတွေ့မိခဲ့တဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၁၂) ဦးကို ချင်းတောင်မြို့ရဲ့ဆေးရုံတစ်ရုံမှာ တွေ့ရှိပြီးတဲ့နောက်မှာ ဒီသတင်းထွက်ရှိလာခဲ့တာပါ။ ခရိုင် (၅) ခုကို (၃) ရက်တည်းနဲ့ ရောဂါပိုးစစ်ဆေးပြီး ကျန်ရှိနေတဲ့ (၂) ရက်မှာ မြို့တစ်မြို့လုံးကို ရောဂါပိုးစစ်ဆေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းတောင်မြို့မှာ ရောဂါပိုးတွေ့ရှိသူတွေကို တနင်္ဂနွေနေ့က ပထမဆုံး ထုတ်ပြန်ခဲ့ပြီး ဆေးရုံနဲ့ အဆက်အစပ်ရှိခဲ့တဲ့ ဝန်ထမ်း၊လူနာ (၁၄၀,၀၀၀)ကို ရောဂါပိုးစစ်ဆေးပြီးသွားပြီလို့တော့ ကျန်းမာရေးအာဏာပိုင်တွေက ဆိုပါတယ်။ ချင်းတောင်မြို့တစ်မြိုလုံးကို (၅) ရက်အတွင်း ရောဂါပိုးစစ်ဆေးသွားမယ်ဆိုတာကို The Natioanl Health Commission က တနင်္လာနေ့က ပြောကြားခဲ့တာပါ။ တစ်နေ့ကို မနက် (၇) နာရီနဲ့ ည (၁၁) နာရီကြား (၁၆) နာရီ လုပ်ဆောင်နေတဲ့ ယာယီသုံးကျန်းမာရေးစင်တာတွေမှာ ဒီရောဂါစစ်ဆေးမှုကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တရုတ်ပြည်မကြီးမှာ အောက်တိုဘာ ၁၁ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ (၂၁) ဦးရှိတယ်လို့ National Health Commission ကပြောပါတယ်။ ထုတ်ပြန်ချက်မှာ ချင်းတောင်မြို့က အတည်ပြုလူနာတွေ မပါဝင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတာကိုလည်း ချက်ချင်းမရှင်းလင်းခဲ့ဘူးလို့ သိရပါတယ်။ မေလကလည်း ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာ ဝူဟန်မြို့က လူဦးရေ (၁၁) သန်းကိုလည်း ရောဂါစစ်ဆေးခဲ့ပါတယ်။ အခုတော့ အဲဒီမြို့က ကိုဗစ်ရောဂါပိုးကို ထိန်းချုပ်ထားနိုင်ခဲ့ပါပြီ။

ပြီးခဲ့တဲ့လကမှ ကမ္ဘာတစ်ဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ (၁) သန်း ပြီးသွားခဲ့တာပါ။ The New York Times ကနေ စုံစမ်းစစ်ဆေးချက်အရတော့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ဦးရေက ဒီပမာဏထက် ပိုများနိုင်တယ်လို့ သိရပါတယ်။

Ref: Ladbible “China Will Test Entire City Of Qingdao For Covid-19 In Five Days”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top