သစ်ပင်တောတောင်ကြား နေထိုင်ခြင်းက စိတ်ဖိစီးမှုဟော်မုန်းပမာဏကို လျှော့ချပေးနိုင်ကြောင်းတွေ့ရှိ

tree.webp

သစ်ပင်တောတောင်တွေကြား အနေကြာတဲ့အခါ လူ့ခန္ဓာကိုယ်မှာ ဘယ်လိုဖြစ်ပျက်ပြောင်းလဲမှုတွေ ရှိသလဲဆိုတာကို ဂျပန်နိုင်ငံမှ ကိုယ်ခံအားဗေဒပညာရှင် (Immunologist) ဒေါက်တာချင်လီ ဦးဆောင်တဲ့ သုတေသနအဖွဲ့က နှစ် ၂၀ ကြာ လေ့လာခဲ့ကြပါတယ်။ သူတို့ တွေ့ရှိခဲ့တဲ့ အဖြေကတော့ စိတ်ဝင်စားစရာပါပဲ။

ဂျပန်ဘာသာစကားအရ Shinrinyoku လို့ ခေါ်တဲ့ တောတောင်တွေထဲမှာ အချိန်ကုန်ဆုံးခြင်းက ကော်တီဆော (Cortisol)နဲ့ အက်ဒရီနယ်လင် (Adrenaline) တို့လို စိတ်ဖိစီးမှုဟော်မုန်း ပမာဏကို လျော့ကျစေနိုင်တယ်ဆိုတဲ့ တွေ့ရှိရပြီး လူ့ကိုယ်ခံအားစနစ်အပေါ် ဘယ်လိုသက်ရောက်စေနိုင်သလဲ ဆိုတာကို ထပ်မံလေ့လာခဲ့ကြတာပါ။

သစ်ပင်တွေက ဖိုင်တွန်ဆိုက်ဒ် (Phytoncides) လို့ခေါ်တဲ့ သဘာဝလေလွင့်ဒြပ်ပေါင်းတွေကို ထုတ်လွှတ်ပေးပြီး လူတွေက တောတောင်ရေမြေထဲမှ လေထုကို ရှူရှိုက်လိုက်တဲ့အခါ အဲဒီဒြပ်ပေါင်းက သွေးကြောထဲကို ရောက်ရှိသွားပါတယ်။

အဲဒီဒြပ်ပေါင်းတွေက စိတ်ဖိစီးမှုဟော်မုန်းတွေကို လိုက်လံတိုက်ခိုက် ချေမှုန်းပေးတာမျိုး မဟုတ်ပေမဲ့ စိတ်ဖိစီးမှုကိုတော့ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဟိုတယ်အခန်းတွေထဲမှာ သစ်ပင်ဆီ (Tree Oils) တွေ ထုတ်လွှတ်ပြီး လေ့လာခဲ့ရာမှာလည်း အလားတူအကျိုးသက်ရောက်မှုတွေ တွေ့ရှိခဲ့တာကြောင့်ပါပဲ။

တောတောင်ထဲမှာ နေထိုင်ချိန်နဲ့ တောတောင်ထဲမှ ထွက်ခွာလာချိန် အပိုင်းအခြားအတွင်း သုတေသီတွေရဲ့ ကိုယ်ခံအားစနစ်မှာလည်း ပြောင်းလဲမှုတွေ အများအပြား ဖြစ်ပေါ်ခဲ့တာကိုလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Ref: Effect of forest bathing trips on human immune function

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top