Big Hit Entertainment ရဲ့ရှယ်ယာအခြေအနေအရ BTS အဖွဲ့ဝင်တွေ မီလျံနာဖြစ်လာ

29-9-2002-yyl-002.jpg

ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်နေတဲ့ ကိုရီးယားအဆိုအဖွဲ့ BTSရဲ့ Big Hit Entertainment က (၃) နှစ်အတွင်း တောင်ကိုရီးယားရဲ့ရှယ်ယာဈေးကွက်စာရင်းမှာ ရှယ်ယာအများဆုံးဖြစ်သွားခဲ့တာကြောင့် အဖွဲ့ဝင် (၇) ဦးလုံးဟာ မီလျံနာတွေဖြစ်လာခဲ့ပါပြီ။သူတို့ရဲ့ရှယ်ယာတစ်ခုချင်းစီက ဒေါ်လာ (၁၁၅) (ဝမ်၁၃၅၀၀၀) ဖြစ်ပြီး ဒေါ်လာ (၈၂၂) သန်းထိ မြှင့်တက်သွားခဲ့ကာ Big Hit ရှယ်ယာဈေးကွက်တန်ဖိုးက ဒေါ်လာ ၄.၁ ဘီလျံထိဖြစ်သွားခဲ့တယ်လို့ Big Hit Entertainment က ဆိုပါတယ်။

ဒါက ၂၀၁၇ခုနှစ်ကတည်းစပြီး တောင်ကိုရီးယားနိုင်ငံရဲ့အကြီးမားဆုံး ရှယ်ယာဈေးကွက်ဖြစ်စေခဲ့တာပါ။ Big Hit Entertainment ရဲ့ ထုတ်လုပ်သူ Bang Si Hyuk က ကုမ္ပဏီရဲ့ ရှယ်ယာ ၄၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်တဲ့အတွက် သူကတော့ အခုဆိုရင် ဘီလျံနာဖြစ်နေပါပြီ။ သူက BTS အဖွဲ့ဝင် (၇) ဦးလုံးကို တစ်ယောက်ချင်းစီအတွက် ရှယ်ယာ (၆၈,၀၀၀) ကျော်ကို အခုနှစ်သြဂုတ်လမှာ ပေးခဲ့ပါတယ်။ အခုဆိုရင် သူတို့တစ်ယောက်ချင်းစီရဲ့ရှယ်ယာတန်ဖိုးက ဒေါ်လာ (၇.၉) သန်းလောက်ရှိနေပါပြီ။

BTS အဖွဲ့ဝင်တွေနဲ့ Big Hit Entertainment တည်ထောင်သူတွေရဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေအပြင် Big Hit ရှယ်ယာဈေးကွက်မှာ BTSရဲ့အောင်မြင်မှုက ရှယ်ယာတွေပေါ်မှာ အကျိုးသက်ရောက်မှုရှိနေတယ်လို့လည်း သိရပါတယ်။ BTS အောင်မြင်မှုကြောင့် Big Hit Entertainment က ဝင်ငွေ ဒေါ်လာ သန်း ၅၀၀ နဲ့ အကျိုးအမြတ်အနေနဲ့ဒေါ်လာ (၈၄) သန်းရရှိခဲ့ပါတယ်။ BTS နဲ့ Big Hit Entertainment တို့ရဲ့ စာချုပ်က ၂၀၂၄ခုနှစ်ကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။

ကောင်လေးချောချော (၇) ဦးနဲ့ ဖွဲ့စည်းထားတဲ့ BTS အဖွဲ့က အနောက်နိုင်ငံတွေအထိ ထိုးဖောက်အောင်မြင်နေတဲ့အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က Billboard 200 ဇယားမှာ သူတို့ရဲ့ အယ်ဘမ်လ်က ၁၂ နှစ်လအတွင်း နံပါတ် (၁) နေရာကို (၃) ကြိမ်ဆက်တိုက်ရရှိခဲ့တဲ့အတွက် The Beatles နဲ့ The Monkees အဖွဲ့တွေပြီးရင် သူတို့အဖွဲ့က နံပါတ် ၁ နေရာကို ရရှိခဲ့တဲ့ တတိယအဖွဲ့ဖြစ်ပါတယ်။

BTS အဖွဲ့က ဒုတိယမြောက်အယ်လ်ဘမ်ကို နိုဝင်ဘာ ၂၀ နေ့မှာထွက်ရှိမယ်ဆိုတာကို တနင်္လာနေ့က Big Hit Entertainment က ပြောခဲ့ပါတယ်။ သြဂုတ်လမှာ “Dynamite”အင်္ဂလိပ်သီချင်းကို ထွက်ရှိခဲ့ပြီး (၂၄) နာရီအတွင်းမှာ YouTube မှာ ကြည့်ရှုသူ (၁၀၁.၁) သန်းရှိတဲ့အထိ စံချိန်ချိုးနိုင်ခဲ့ပါတယ်။ လက်ရှိမှာလည်း အဲဒီသီချင်းက Billboard 200 စာရင်းမှာ နံပါတ် (၁) အဖြစ် ရပ်တည်နေပါတယ်။

Ref: CNN “Big Hit IPO makes BTS millionaires and their producer a billionaire”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top