ကလေးလက်ဆော့လို့ အိုင်ပက် (iPad) တစ်လုံး (၄၉) နှစ်ကြာ လော့ခ်ချခံလိုက်ရ

12025996-0-image-a-23_1554762368994.jpg

နယူးယောက်မြို့က မစ္စတာ အော့ဇ်နို့စ် (Mr.Osnos) ရဲ့အဖြစ်ကတော့ ရှားရှားပါးပါးကြုံရတာပါပဲ။ သူ အသုံးပြုတဲ့ iPad ဟာ အချိန် (၄၉) နှစ် ကြာ လေ့ာခ်ကျသွားခဲ့ကြောင့် ကံဆိုးခဲ့ရပါတယ်။

သုံးနှစ်အရွယ်သားလေးက iPad လျှို့ဝှက်နံပါတ် (Password) ကို ကြိမ်ဖန်များစွာ ရိုက်နှိပ်ဆော့ကစားခဲ့

သူ့ရဲ့ သုံးနှစ်အရွယ်သားလေးက iPad လျှို့ဝှက်နံပါတ် (Password) ကို ကြိမ်ဖန်များစွာ ရိုက်နှိပ်ဆော့ကစားခဲ့ပြီး မှားယွင်းတဲ့နံပါတ်ကို အကြိမ်ကြိမ်ရိုက်ထည့်မိတာကြောင့် Apple ရဲ့ လုံခြုံရေးစနစ်အရ iPad ဟာ မိနစ်ပေါင်း သိန်း (၂၅၀) ကျော်အကြာ လော့ခ်ချခံလိုက်ရပါတယ်။ ဒါဟာ အချိန် (၄၉) နှစ်နဲ့ ညီမျှနေတာပါ။

ဒီအဖြစ်ကို အထောက်အထားနဲ့တကွ တွစ်တာမှာတင်ပြီး အကူအညီတောင်းခံခဲ့

သူဟာ ဒီအဖြစ်ကို အထောက်အထားနဲ့တကွ တွစ်တာမှာတင်ပြီး အကူအညီတောင်းခံခဲ့ရာမှာ Apple ရဲ့ တရားဝင်တုံ့ပြန်ချက်အရ iOS အိုင်တီပစ္စည်းတွေမှာ လျှို့ဝှက်ကုတ်ကို မှားယွင်းရိုက်နှိပ်မိတဲ့အကြိမ်အရေအတွက်ဟာ များပြားသွားခဲ့ရင် လော့ခ်ကျ (Disabled) ဖြစ်သွားမှာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ iPad အထဲမှာ သိမ်းဆည်းထားတဲ့အချက်အလက်တွေဟာလည်း လုံးဝပျောက်ပျက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Back-Up မလုပ်ထားရင်တော့ ပါဝင်နေသမျှအရေးကြီးဒေတာတွေကို ကျိန်းသေပေါက်ဆုံးရှူံးသွားရမှာပါ

iPad ထဲက ဒေတာတွေကို Back-Up လုပ်ထားခဲ့မယ်ဆိုရင်တော့ iTunes ကနေ တစ်ဆင့်ချိတ်ဆက်ပြီး လက်ပ်တော့နဲ့ ကိုယ်ပိုင်ဒေတာတွေကို ပြန်လည်ရယူနိုင်မှာဖြစ်ပြီး Back-Up မလုပ်ထားရင်တော့ ပါဝင်နေသမျှအရေးကြီးဒေတာတွေကို ကျိန်းသေပေါက်ဆုံးရှူံးသွားရမှာပါ။

Ref: Dailymail “Writer gets locked out of his iPad for 49 YEARS ”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top