၂၀၂၀ အထွေထွေရွေးကောက်ပွဲ အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်မှာ စတင်ကြေညာမယ်

17-7-2020-yyl-011.jpg

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက် မှာ ပထမအကြိမ် ကြေညာမှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ (၁၆) ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

အခြေခံမဲဆန္ဒရှင်စာရင်းကို ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၇ ရက်အထိ နှစ်ပတ်ကြာကြေညာပေးသွားမှာဖြစ်ပြီး ပထမအကြိမ် ကြော်ငြာကပ်ထားတဲ့ မဲဆန္ဒရှင်စာရင်းကို သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့တွေနဲ့ ကျေးရွာတွေမှာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

မဲစာရင်းလာရောက် ကြည့်ရှုစဉ် မဲစာရင်းမှာ မိမိအမည်စာရင်း မပါဝင်ရင် ပုံစံ (၃)နဲ့ မဲစာရင်းမှာ အမည်ထည့်သွင်းပေးဖို့ တောင်းဆိုနိုင်ပြီး မဲစာရင်းမှာ မပါဝင်သင့်သူတွေ ပါဝင်နေရင် ပုံစံ (၄) နဲ့ ကန့်ကွက်ဖို့၊ မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်လွှာ တင်သွင်းနိုင်တယ်လို့ ကော်မရှင်ထုတ်ပြန်ချက် ကြေညာထားပါတယ်။

မဲစာရင်းမှာ မိမိအမည်ပါရှိမှသာ မဲပေးခွင့် ရရှိမှာ ဖြစ်တဲ့အတွက် ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းရရှိရန် ပြည်သူများတွေအနေနဲ့ အိမ်ထောင်စုတစ်စုမှာ အနည်းဆုံးတစ်ဦးက မဲဆန္ဒရှင်စာရင်းကို မပျက်မကွက် လာရောက်ကြည့်ရှု စစ်ဆေးခြင်းနဲ့ ပူးပေါင်းကူညီဆောင်ရွက်ရန် ကော်မရှင်က မေတ္တာရပ်ခံထားပါတယ်။

အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူမှုကို ၂၀၁၉ ခုနှစ်အတွင်း ပြုလုပ်ခဲ့ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးနိုင်သူ ၃၇ သန်း ကျော်ရှိကာ တပ်မတော်သားတွေနဲ့ အတူနေ မိသားစုဝင်တွေ မဲစာရင်းမှာ ပါဝင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Cherry ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top