သင့်ကြောင့် ဆိုင်းဘုတ်တစ်ခု မတိုးစေလိုပါ……  

18-3-2020-yyl-030.jpg
“ကွမ်းတံတွေးမထွေးရ” “အမှိုက်မပစ်ရ” ” ဆေးလိပ်မသောက်ရ” စတဲ့ သတိပေးဆိုင်းဘုတ်တွေကို ကျွန်တော်တို့ နေရာတော်တော်များများမှာ တွေ့ဖူးကြမှာပါ။ ဒီသတိပေးဆိုင်းဘုတ်တွေဟာ သာယာလှပတဲ့ ကျွန်တော်တို့ ကမ္ဘာကြီးကို အကျဉ်းတန်ရုပ်ဆိုးစေပါတယ်။ 
ဒီသတိပေးဆိုင်းဘုတ်တွေ ဘာကြောင့်ရေးထားရတာလဲ?
 

အဓိကအားဖြင့် ကျွန်တော်တို့ပြောပြောနေတဲ့ လူ့ကျင့်ဝတ် ၊ကိုယ်ကျင့်တရား(Ethic) အားနည်းမှုများကြောင့် အခုလိုရေးသားထားရခြင်းဖြစ်ပါတယ်။ ကားပေါ်မှာဆေးလိပ်မသောက်ဖို့ ၊လမ်းမပေါ် ကွမ်းတံတွေးမထွေးဖို့ ဆိုတာ ကျွန်တော်တို့ မသိစိတ်ထဲက ရှိသင့်တဲ့ ကျင့်ဝတ်၊ဝတ္တရားများပဲဖြစ်ပါတယ်။ အများနဲ့ဆိုင်တဲ့နေရာများမှာ မိမိအတွက်အဆင်ပြေပေမဲ့ ကျန်သူများအတွက် စိတ်အနှောက်အယှက် ဖြစ်စေမယ့် အပြုအမူများကို ရှောင်ကျဉ်သင့်ပါတယ်။ ငါဒီအမှိုက်လေးတစ်စချလိုက်လို့ တစ်နိုင်ငံလုံး မညစ်ပတ်သွားပါဘူးဆိုပြီး ပစ်လိုက်မယ်ဆိုတဲ့ စိတ်ကို လုံးဝမထားရှိသင့်ပါဘူး။
 
ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဖွံဖြိုးတိုးတက်ဆဲနိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ နေ့စဉ်နှင့်အမျှ ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိပါတယ်။ ဒါကို သမိုင်းဝင်နေရာများ၊ စေတီပုထိုးများသာမက ပန်းခြံများ ၊ဈေးဝယ်စင်တာကြီးများနဲ့ မြို့လယ်ခေါင်လမ်းမများမှာပါ နေ့စဉ်နဲ့အမျှ တွေ့မြင်ရပါတယ်။ 
နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာ တစ်ဦးတစ်ယောက်တော်ရုံတတ်ရုံ ၊စည်းကမ်းရှိရုံနဲ့ မလုံလောက်ပါဘူး။ ” ပြိ ုင်တူတွန်းရင် ရွေ့နိုင်ပါတယ်” ဆိုတဲ့ အတိုင်း နိုင်ငံသူနိုင်ငံသားတိုင်း စည်းကမ်းရှိပြီး ညီညီညွတ်ညွတ် ကြိုးစားကြမှသာ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ခဏတာအချိန်အတွင်း ပြောင်းလဲနိုင်မှာပါ။
 
ကျွန်တော်တို့ရဲ့ စည်းကမ်းမဲ့အပြုအမူများကြောင့် ကျွန်တော်တို့လူမျိုး ၊ကျွန်တော်တို့နိုင်ငံရဲ့ ဂုဏ်သိက္ခာမကျဆင်းအောင် အထူးသတိပြုသင့်ပါတယ်။
 
ကျွန်တော်တို့အားလုံး စည်းကမ်းရှိရှိနေထိုင်ပြီး ကိုယ့်တာဝန်ကိုယ်ကျေပွန်ကြမယ်ဆိုရင် ကမ္ဘာကြီးကို အကျဉ်းတန်စေတဲ့ အခုလို သတိပေးဆိုင်းဘုတ်တွေ လုံးဝပပျောက်ကွယ်သွားမှာပါ။
 
မိမိကြောင့် ဆိုင်းဘုတ်တစ်ခုမတိုးရလေအောင် မဆင်မခြင်အပြုအမူများကို မပြုမိဖို့ သတိထားဆင်ခြင်သင့်ပါကြောင်း… 
 
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top