ဘွန်ဒက်စ်လီဂါကလပ် ကိုလုံးအသင်းက ပရိသတ်တွေဆီကနေ ဂျာစီတွေငှားပြီး အိမ်ကွင်းပွဲကြည့်စင်ကို အလှဆင်

20-5-2020-yyl-025.jpg

ကိုလုံးအသင်းဟာ မိန့်ဇ်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲစဉ်မတိုင်ခင် အသင်းပရိသတ်တွေဆီကနေ ငှားထားတဲ့ ဂျာစီအင်္ကျီတွေ၊ ခေါင်းစည်းပဝါတွေကို အသုံးပြုပြီး သူတို့အသင်းအိမ်ကွင်း ရိန်းအန်နာဂျီစတေဒီယမ်ရဲ့ ပွဲကြည့်စင်တစ်ခုကို အလှဆင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားရချိန်မှာ ပွဲကြည့်စင်ကို ဟာလာဟင်းလင်းမထားချင်တဲ့ ကိုလုံးကလပ်က သူတို့ပရိသတ်တွေ ကွင်းထဲမလာနိုင်ပေမဲ့ ကွင်းထဲရောက်နေသလို ခံစားမှုမျိုးရစေချင်တဲ့အတွက် သူတို့ဆီကနေ ဂျာစီတွေ၊ ခေါင်းစည်းပဝါတွေ ငှားရမ်းပြီး ပွဲကြည့်စင်ကို ၄ နာရီအချိန်ယူ မွမ်းမံပြင်ဆင်ခဲ့တာပါ။

ပွဲကြည့်စင်အလယ်မှာ FC ဆိုတဲ့ စကားလုံးကို ပုံဖော်ထားပြီး ဘေးပတ်လည်မှာတော့ အိမ်ကွင်းဝတ်စုံ၊ အဝေးကွင်းဝတ်စုံ၊ တတိယဝတ်စုံတွေကို နေရာချခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ရပ်နားထားရတဲ့ ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်ချိန်မှာ သန့်ရှင်းမှုစည်းမျဉ်းတွေ တင်းတင်းကြပ်ကြပ် ချမှတ်ထားတဲ့အတွက် ကိုလုံးအသင်းက သူတို့ရဲ့လာဘ်ကောင်ဖြစ်တဲ့ ဆိတ်ကလေး ဟင်းနက်(၉)ကိုလည်း ကွင်းထဲ ခေါ်လာခွင့်မရခဲ့ပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top