ဘာစီလိုနာကွင်းလယ်လူ ရာကီတစ်ကို ဆီဗီလာ ပြန်လည်ခေါ်ယူ

hotsports05.jpg

ကွင်းလယ်လူ ရာကီတစ်က ဆီဗီလာအသင်းထံ ပြောင်းရွှေ့ကြေး ပေါင်(၁.၃)သန်းနဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ ဘာစီလိုနာအသင်းက ကြေညာခဲ့ပါတယ်။ အသက်(၃၂) နှစ်ရှိတဲ့ ရာကီတစ်ဟာ ဆီဗီလာနဲ့ (၄) နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ခြေစွမ်း၊ အောင်မြင်မှုအလိုက် ဆုကြေးငွေတွေ ထည့်ပေါင်းလိုက်ရင်တော့ ရာကီတစ်ရဲ့ အပြောင်းအရွှေ့စာချုပ်က ပေါင်(၈)သန်းအထိ မြင့်တက်လာဖွယ်ရှိပါတယ်။

ခရိုအေးရှား ကွင်းလယ်လူ ရာကီတစ်ဟာ ၂၀၁၄ ခုနှစ်မှာ ဆီဗီလာကနေ ဘာစီလိုနာကို ပေါင်(၁၈) သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ဘာစီလိုနာအတွက် ပွဲ(၃၁၀) ကစားရာမှာ (၃၆)ဂိုး သွင်းပြီး ဂိုး(၄၀) ဖန်တီးပေးနိုင်ခဲ့သူပါ။ ဘာစီလိုနာမှာ လာလီဂါဖလား(၄)လုံး၊ ချန်ပီယံလိဂ်ဖလား(၁)လုံး အပါအဝင် အဓိကဆုဖလား (၉)လုံး ဆွတ်ခူးနိုင်ခဲ့သူပါ။ ရာကီဗစ်ဟာ ဆီဗီလာမှာ ပထမအကြိမ် ကစားခဲ့တုန်းက (၁၄၉)ပွဲ ကစားခဲ့ဖူးပြီး ၂၀၁၄ ခုနှစ်က ဆီဗီလာနဲ့အတူ ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top