မြန်မာပရိသတ်တွေရဲ့အသည်းစွဲ ထိုင်းမင်းသမီးချောလေး ဒါဗီကာဟွန်း

yyl-4-9-026.jpg

ထိုင်းမင်းသမီးချော ဒါဗီကာဟွန်း (Davikah Hoorne) ကို မြန်မာပရိသတ်တွေ မသိတဲ့သူမရှိသလောက်ပါပဲ။ သူဟာ ထိုင်းအနုပညာနယ်ပယ်ရဲ့ နာမည်ကြီးမင်းသမီးတွေထဲမှာပါဝင်သလို မြန်မာနိုင်ငံမှာလည်း နာမည်ကြီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကုန်ပစ္စည်း Brand Ambassador အနေနဲ့ လာရောက်ဆုံးမင်းသမီးလို့လည်း ပြောလို့ရပါတယ်။ သြဂုတ်လကလည်း ဒါဗီကာဟာ မြန်မာနိုင်ငံက Brand’s Suntory မြန်မာ့ရိုးရာ သီတင်းကျွတ်အကြို အခမ်းအနားနဲ့ Brand’s Diamond Bird’s Nest မိတ်ဆက်ပွဲကို တက်ရောက်လာခဲ့ပါသေးတယ်။

မြန်မာပရိသတ်တွေ ဒါဗီကာဟွန်းဆိုပြီး စသိတဲ့ဇာတ်ကားကတော့ ထိုင်းမင်းသားချော မာရီယိုနဲ့အတူပါဝင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ဝင်ငွေ အမြင့်ဆုံးသရဲကား “Pee Mak”နဲ့ပါ။ သူက နန်းဆန်အောင် လှပချောမောတဲ့အပြင် သရုပ်ဆောင်ကောင်းတဲ့ မင်းသမီးလည်းဖြစ်ပါတယ်။ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို တီဗီဒရမ်မာတွေနဲ့ ဇာတ်ကားတွေမှာ မြင်တွေ့ကြရမှာပါ။ အသက်(၂၇) နှစ်သာရှိသေးတဲ့ ဒါဗီကာက ထိုင်း-ဘယ်လ်ဂျီယမ်ကပြား မင်းသမီးလေးပါ။ သူ့အသက် (၁၀) နှစ်အရွယ်မှာ မိဘတွေ အိမ်ထောင်ကွဲသွားတဲ့အတွက် သူ့မိခင်၊ အန်တီတွေနဲ့ နေထိုင်ခဲ့ရပါတယ်။ သူက Mai Charoenpura ဆိုတဲ့အဆိုတော်မင်းသမီးကို ကြိုက်တဲ့အတွက် သူ့မိခင်က “Mai” လို့နာမည်ပြောင်ပေးခဲ့ပါတယ်။ သူ့အသက် (၁၃-၁၄) နှစ်အရွယ်မှာ အနုပညာလောကထဲကို ဝင်ရောက်ခဲ့တာပါ။ အနုပညာလောကကို ဝင်ရောက်ခါစက သူဟာ မော်ဒယ်တစ်ယောက်အနေနဲ့ပါ။

၂၀၁၀ခုနှစ်ရဲ့တီဗီဒရမ်မာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ သူက အရင်တုန်းကတော့ Thai Channel 7 နဲ့ စာချုပ်ချုပ်ခဲ့ပြီး အခုတော့ freelance မင်းသမီးတစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပါတယ်။

ထိုင်းနိုင်ငံမှာ သူ့ကို “Queen of Presenters” လို့တောင်အမည်နာမပေးထားပါတယ်။ ပြည်တွင်း၊ ပြည်ပက ကုမ္ပဏီတော်တော်များများက သူတို့ကုန်ပစ္စည်းကို ကြော်ငြာပေးဖို့အတွက် ဒါဗီကာကို ငှားရမ်းကြပါတယ်။ နာမည်ကြီးကုန်ပစ္စည်းတော်တော်များများရဲ့ Brand Ambrassador အဖြစ်လည်း ခန့်အပ်ခံခဲ့ရပြီး နိုင်ငံခြားက နာမည်ကြီးဖက်ရှင်ရှိုးတွေကိုလည်း အခြားနာမည်ကြီးအနုပညာရှင်တွေနဲ့အတူ တက်ရောက်ခွင့်ရတဲ့မင်းသမီးလေးပါပဲ။ သူက UNICEF ရဲ့ Ambassador အဖြစ်လည်း ဆောင်ရွက်ခဲ့ရပါတယ်။

မြန်မာနိုင်ငံက ယောကျာ်းလေးတွေကတော့ သူ့ရဲ့အချစ်ရေးကို သိချင်မိကြမှာပါ။ သူကတော့ ထိုင်းမင်းသားချော Ter Chantavit နဲ့ အရင်နှစ်ကတည်းက တွဲခဲ့ကြတာဖြစ်ပါတယ်။ သူတို့အတွဲကို သဘောမတူတဲ့ပရိသတ်တွေရှိသလို အရမ်းလိုက်ဖက်တဲ့အတွဲဆိုပြီး သဘောကျတဲ့ ပရိသတ်တွေလည်းရှိပါတယ်။ အခုလက်ရှိမှာတော့ ဒါဗီကာက ဇာတ်လမ်းတွဲတွေရိုက်ကူးနေပြီး သူ့ရဲ့ “My Ambulance” ဆိုတဲ့ဇာတ်လမ်းတွဲကလည်း ထုတ်လွှင့်ပြသလျက်ရှိပါတယ်။ ဒီဇာတ်လမ်းတွဲကို မြန်မာပရိသတ်တွေကလည်း ကြည့်ရှုအားပေးလို့နေပါတယ်။

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top