ရေပူစမ်းက ရေတွေကို တစ်နှစ် (၂) ကြိမ်ပဲ လဲလှယ်မိခဲ့တဲ့အတွက် ဂျပန်ရိုးရာတည်းခိုခန်းသူဌေး တောင်းပန်

2.3.2023-yyl-iamge-7.jpg

၁၅၈ နှစ်သက်တမ်းရှိတဲ့ ဂျပန်ရိုးရာတည်ခိုးခန်းတစ်ခုမှာ ဘတ်တီးရီးယားပိုးတွေ ပြည့်နှက်နေတာကို တွေ့ရှိခဲ့ပြီးနောက် ရေပူစမ်းက ရေတွေကို တစ်နှစ်ကို (၂) ကြိမ်ပဲ လဲလှယ်ခဲ့မိတဲ့အတွက် တည်းခိုခန်းသူဌေးကတောင်းပန်ခဲ့ပါတယ်။

Onsen (ဂျပန်ရိုးရာရေချိုးခြင်း) ရဲ့ ကျန်းမာရေးစစ်ဆေးရေးက အဲဒီတည်ခိုခန်းရဲ့ရေပူစမ်းမှာ ခွင့်ပြုထားတဲ့အဆင့်ထက် အဆ ၃၇၀၀ လောက် legionella ဘတ်တီးရီးယားတွေကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒေသဆိုင်ရာစည်းမျဉ်းတွေအရ ရေပူစမ်းက ရေတွေကို အပတ်တိုင်းလဲလှယ်ပေးသင့်တာပါ။ ဒါပေမဲ့ ဟိုတယ်ရဲ့စီမံခန့်ခွဲမှုပိုင်းက ရေကို တစ်နှစ် (၂) ကြိမ်ပဲ လဲလှယ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲမှာ Daimaru Besso ဂျပန်ရိုးရာတည်ခိုခန်းပိုင်တဲ့ သူဌေး မာခိုတို ရာမာဒါက တစ်ကိုယ်ရေးသန့်ရှင်းမှုစံနှုန်းညံ့ဖျင်းခဲ့ပြီး အရေးတယူလုပ်ဆောင်ခဲ့ခြင်းမရှိခဲ့တဲ့အပေါ် နောင်တရမိပြီး “ကျွန်တော် တကယ်ကိုတောင်းပန်ပါတယ်”လို့ လေးလေးနက်နက်ဦးညွှတ်ပြီး ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘတ်တီးရီးယားပိုးတွေ စစ်ဆေးတွေ့ရှိပြီးနောက် ရေပူစမ်းရေချိုးခန်းကို ယာယီပိတ်ထားခဲ့တာပါ။ အခုတော့ အပြည့်အဝပြန်လည်လည်ပတ်နေပါပြီ။

Legionella ဘတ်တီးရီးယားတွေက ပြင်းထန်တဲ့အဆုတ်ရောင်ရောဂါအမျိုးအစားဖြစ်တဲ့ Legionnaires’ ရောဂါကို ဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်က ဘတ်တီးရီးယားပါဝင်တဲ့ ရေစက်သေးသေးလေးကို ရှုမိလိုက်တဲ့အခါ ဖျားနာနိုင်ပြီး အဆုတ်အတွင်း ရောဂါပိုးဝင်စေနိုင်ပါတယ်။ ဒီရောဂါကို ပဋိဇီဝဆေးတွေနဲ့ ကုသလို့ရပါတယ်။

Ref: CNN “Japanese hotel boss apologizes for only changing water in spa bath twice a year”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top