ဆန္ဒပြနေစဉ် လူနာတင်ယာဉ်လာလို့လမ်းဖယ်ပေးခဲ့ကြတဲ့လူအုပ်ကြီး

64562628_1364562337028842_2023435509203730432_n.jpg

ဟောင်ကောင်ကဆန္ဒပြသူ နှစ်သန်းနီးပါးက ထူးခြားတဲ့လုပ်ရပ်တစ်ခုကြောင့် လူအများရဲ့ချီးကျူးခြင်းကို ခံရပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဟောင်ကောင်မှာ လူအုပ်ကြီးတစ်စုချီတက်လာပြီး အမှုဆောင်အရာရှိ ကယ်ရီလန်းမ် (Carrie Lam) ကို ရာထူးက နှုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရှောပင်းမောလ် ခေါင်မိုးပေါ်မှာ banner ဖြုတ်ဖို့ကြိုးစားရင်း လူတစ်ဦးပြုတ်ကျသေဆုံးသွားပြီးနောက်မှာ ဆန္ဒပြဖို့စတင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဟောင်ကောင်မှာဖမ်းဆီးခံထားရတဲ့လူတစ်ယောက်ကို ပြည်နယ်ဥပဒေရုံးဆီလွှဲပြီး တရားရင်ဆိုင်ခိုင်းခွင့်ကိုပြဋ္ဌာန်းခဲ့တဲ့ အမှုဆောင်အရာရှိ ကယ်ရီလန်းမ်ကို တိုက်ရိုက်ဦးတည်ပြီးဆန္ဒပြကြတာ ပါ။

ဗဟိုအစိုးရအဆောက်အဦနားက Harcourt လမ်းမှာ လူစုလူဝေးနဲ့ ဆန္ဒပြနေတုန်း အရေးပေါ်လူနာတင်ယာဉ်တစ်စီးက လူအုပ်ကြီးဆီ ဦးတည်မောင်းနှင်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ ဆန္ဒပြသူအားလုံးက ညီညီညာညာနဲ့ လမ်းဖယ်ပေးခဲ့ကြတာဖြစ်ပါတယ်။ ဒီဗီဒီယိုကတော့ အွန်လိုင်းမှာပျံ့သွားခဲ့ပြီး ချီးကျူးသူများခဲ့ပါတယ်။ ပင်လယ်ပြင်က လှိုင်းလုံးတွေ အဟုန်နဲ့ စုလာပြီး အဟုန်နဲ့ ကွဲသွားသလို မြင်ကွင်းရသမျိုးကိုလည်း လူအုပ်ကြီးက အခုလုပ်ရပ်ကနေ ပေးစွမ်းနိုင်ခဲ့ပါတယ်။

https://www.facebook.com/watch/?v=340787783265278

Ref: dailymail “ Hong Kong protesters move aside to let an ambulance pass in seconds during a two-million strong demonstration against extradition bill”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top