ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများအရေးကိစ္စနဲ့ပတ်သက်ပြီး တရုတ်ရဲ့ မူဝါဒရပ်တည်ချက်ကို ပြောကြား ခဲ့တဲ့သတင်း

local_01-2.jpg

နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးကိစ္စနှင့်စပ်လျဉ်း၍ ယင်းကိစ္စသည် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအကြား နှစ်နိုင်ငံချင်းသာဖြေရှင်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် မစ္စတာဝမ်ယိတို့သည် သြဂုတ် ၂၇ ရက်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တွင် တွေ့ဆုံပြီး ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအရေးကိစ္စ ဆွေးနွေးစဉ် ယခုကဲ့သို့ တရုတ်နိုင်ငံ၏ မူဝါဒရပ်တည်ချက်ကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စကို နှစ်နိုင်ငံချင်းသာ ဖြေရှင်းဆောင်ရွက်ရေးသည် မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ထပ်တူဖြစ်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားသည့် နှစ်နိုင်ငံသဘော တူညီချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသာလျှင် လက်တွေ့ကျကာ ထိရောက်မှုရှိသည့် တစ်ခု တည်းသော နည်းလမ်းဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓါတ်ပုံ – နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းအစိုးရ။
KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top